ဆီးကျိတ်ကင်ဆာ(ခေါ်) အမျိုးသားများ သုတ်ရည်ဂလင်း ကင်ဆာရောဂါ

အဆိုပါရောဂါကို ဆေးသိပံ္ပနည်းအရ ခိုင်လုံတဲ့အဖြေမထုတ်နိုင်သော်လည်း တိရစ္ဆာန်အဆီ လွန်ကဲစွာစားသုံးသူများ၊ မျိုးရိုးစဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာအာဟာရချို့တဲ့သူများ စသူတို့မှာ ဖြစ်နိုင်ခြေ ပိုများကြောင်း သိရပါတယ်။

ရောဂါလက္ခဏာများအနေဖြင့် သုတ်ရည်ဂလင်း သိသိသာသာကြီးထွားလာခြင်း၊ ဆီးသွားသည့်အခါ အားမရဖြစ်ခြင်း၊ ပြတ်တောင်း ပြတ်တောင်းဖြင့် ဆီးသွားရခက်ခြင်း၊ မကြာခဏဆီးသွားပြီး အထူးသဖြင့် ညဘက်မှာ ပိုသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ သုတ်ရည်ထဲ သွေးပါခြင်း၊ တင်ပါးနှင့် တင်ပါးဆုံရိုးတို့တွင် တဆစ်ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်ပေါ်တတ်သည် သိရသည်။

၎င်းကင်ဆာရောဂါကို လျော့ပါးသက်သာစေနိုင်မည့် အစားအသောက်များမှာ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ)၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပင်လယ်စာ၊ ဂျုံနှင့် ဂျူံထွက်ပစ္စည်းများ၊ ဆန်လုံးညိုနှင့် ကွေကာအုတ် စသည်တို့ဖြစ်ကြောင်း သိရသည်။

The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ