အာဂျင်တီးနားအလံကို ခြေထောက်နှင့်ကန်ခဲ့သည့် ဂျက်စတင်ဘီဘာ

အငြင်းပွားစရာ လုပ်ရပ်များ မကြာခဏ ပြုလုပ်သဖြင့် သတင်းကြီးလေ့ရှိသော အဆိုတော်သည် ဗျူနိုအေးရီးစ်တွင် ကျင်းပခဲ့သည့် ဖျော်ဖြေပွဲအတွင်း အာဂျင်တီးနား အလံကို ခြေထောက်ဖြင့် ကန်ခဲ့သဖြင့် ဝေဖန်စရာ ဖြစ်ခဲ့သည်။

အာဂျင်တီးနား နိုင်ငံတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲ တစ်ခုအတွင်း ဂျက်စတင်ဘီဘာ၏ ရိုင်းပြသော အပြုအမူကြောင့် ပရိသတ်များ ဒေါသထွက်ခဲ့ကြောင်း သိရသည်။ အငြင်းပွားစရာ လုပ်ရပ်များ မကြာခဏ ပြုလုပ်သဖြင့် သတင်းကြီးလေ့ရှိသော အဆိုတော်သည် ဗျူနိုအေးရီးစ်တွင် ကျင်းပခဲ့သည့် ဖျော်ဖြေပွဲအတွင်း အာဂျင်တီးနား အလံကို ခြေထောက်ဖြင့် ကန်ခဲ့သဖြင့် ဝေဖန်စရာ ဖြစ်ခဲ့သည်။ အသက်(၁၉)နှစ်ရှိ ကနေဒါ Popဂီတ အဆိုတော်သည် စတိတ်စင်ပေါ် ပစ်တင်ပေးလိုက်သည့် အာဂျင်တီးနား အလံကို ခြေထောက်ဖြင့် ကန်ကျောက် ဖယ်ရှားခဲ့ကြောင်း ဗီဒီယို မှတ်တမ်းများက သက်သေခံနေသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်ရပ်သည် ယခုအခါ ဂျက်စတင်၏ စိတ်ဓာတ်ပိုင်းအပေါ် မေးခွန်းထုတ်စရာ သတင်းတစ်ပုဒ်အဖြစ် ထွက်ပေါ်လာခဲ့သည်။

အများစုက ဘီဘာ၏ လုပ်ရပ်သည် မိမိတို့ နိုင်ငံအပေါ် အရိုအသေတန်စွာ စော်ကားခြင်းဟု ယူဆထားကြသည်။ အနုပညာရှင် အများစုသည် သက်ဆိုင်ရာ နိုင်ငံ၏ အလံကို အလေးထား ကိုင်တွယ်ပြလေ့ ရှိသော်လည်း ဘီဘာက အဆိုပါ လမ်းစဉ်မှ ခွဲထွက်သွားခဲ့သည်။ YouTubeတွင် အဆိုပါ ဗီဒီယို လွှင့်တင်ထားသည့်နောက် အာဂျင်တီးနား နိုင်ငံသား တစ်ဦးက "ဒီကောင် ကျွန်တော်တို့ နောက်တစ်ခါ ဘယ်တော့မှ ပြန်မလာတော့ဖို့ မျှော်လင့်တယ်။ အင်မတန် အရိုအသေမဲ့တဲ့ကောင်"ဟု ဝေဖန် ရေးသားခဲ့သည်။ အခြား တစ်ဦးကလည်း "ဘယ်လောက် သရုပ်ပျက်သလဲ။ သူ့အပေါ် အလေးအနက် ချစ်ခင်တဲ့ အာဂျင်တီးနား ပရိသတ်တွေ ရှေ့မှောက်မှာ သူဒီလို မလုပ်သင့်ဘူး"ဟု ပြောဆိုခဲ့သည်။ အာဂျင်တီးနား နိုင်ငံ၏ ဥပဒေအရ နိုင်ငံတော် အလံကို စော်ကားပါက ထောင်ဒဏ်(၄)နှစ်ထိ ချမှတ်နိုင်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ