ဒေါ့မွန်နှင့်ပွဲအား အပြည့်အ၀အာရုံစိုက်ရန် ၀င်းဂါးသတိပေး

အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးက မိမိတို့အနေဖြင့် ယခုနှစ်
ဘောလုံးရာသီတွင် ဆုဖလားရရှိရန် ရည်မှန်းချက်ရှိပါက ဒေါ့မွန်နှင့်ပွဲ
စဉ်ကို အပြည့်အ၀အာရုံစိုက်ဖို့ လိုအပ်ကြောင်း ကစားသမားများကို
သတိပေးပြောကြားလိုက်သည်။ ပြီးခဲ့သည့်စနေနေ့က လီဗာပူးကို
(၂-၀)ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအား (၅)မှတ်
ဖြတ်ကာ ဦးဆောင်နေသည့် အာဆင်နယ်သည် ဗုဒ္ဓဟူးနေ့တွင် ဒေါ့မွန်ကို
အဝေးကွင်းသို့ သွာရောက်ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင်
ချန်ပီယံလိဂ်အုပ်စု(စ)တွင် အာဆင်နယ်၊ ဒေါ့မွန်၊ နာပိုလီ သုံးသင်းစလုံး
သည် ရမှတ်(၆)မှတ်ရရှိထားကြရာ အာဆင်နယ်အနေဖြင့် ဒေါ့မွန်နှင့်ပွဲစဉ်
တွင် အနိုင်ရရှိမှသာလျှင် နောက်တစ်ဆင့်သို့ တက်ရောက်ရန် သေချာ
နေမည်ဖြစ်သည်။

အာစင်ဝင်းဂါးက``ကျွန်တော်တို့ဟာ လီဗာပူးရဲ့စမ်းသပ်မှုကို ကျော်လွှားပြီး
ခိုင်မာတဲ့လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်လာခဲ့ပါတယ်။ အသင်းရဲ့
အာရုံစိုက်မှု၊ စည်းရုံးမှုကို အပြင်ကလူတွေလည်း မြင်နိုင်ပါတယ်။ အဲဒီက
နေ စိတ်အားထက်မှုတွေ ရယူပြီး အသင်းကိုဆက်ပြီးတော့ ပိုကောင်းလာ
အောင် လုပ်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သတိရှိရပါမယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရပါမယ်။ ဆက်ပြီးတော့ အသင်းကို တိုးတက်
ကောင်းမွန်အောင် လုပ်ရမယ်။ ခဏကလေးတောင် အနားပေးဖို့ မစဉ်းစား
ပါနဲ့´´ဟု ပြောကြားခဲ့သည်။

ဒေါ့မွန်နှင့်ကစားသည့်ပွဲစဉ်၌ အာဆင်နယ်တွင် ဂျက်ဝီးရှိုင်းယားနှင့်
ကီရန်ဂစ်ဘ်တို့ ပါဝင်လာဖွယ်မရှိဘဲ ဒေါ့မွန်ကွင်းလယ်ကစားသမား
ဟောင်းရိုဆစ်စကီး ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိနေသည်။

ထို့အပြင် အာဆင်နယ်အတွက် သတင်းကောင်းတစ်ခုမှာ အစာအိမ်ခွဲစိတ်
ကုသခဲ့ရမှုကြောင့် (၇)ပတ်ကြာ အနားယူလာခဲ့ရသည့် တောင်ပံကစား
သမားသီယိုဝဲလ်ကော့မှာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ကာ
မန်ယူနှင့်ကစားမည့်အဝေးကွင်းပွဲစဉ်တွင် ပါဝင်လာမည်ဖြစ်ကြောင်း
သိရသည်။

Goal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ