ဂျနုဇတ်ကို မက်ဆီလို ဖြစ်စေချင်တဲ့ ဒေးဗစ် မိုယေးစ်

မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဒေးဗစ် မိုယေးစ်ဟာ အသင်းမှာ လူငယ်ကစားသမား ဖြစ်သူ အက်ဒ်နန် ဂျနုဇတ်ကို မက်ဆီကဲ့သို့ ကစားကွင်းအတွင်း ပြုမူပုံမျိုး အတုယူစေချင်ကြောင်း ပြောကြားလိုက်သည်။ ဂျနုဇတ်ဟာ ပြီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်သည့် ဖူလ်ဟမ်အသင်းနှင့် ပွဲစဉ်မှာ ဖူလ်ဟမ် ကစားသမား ဆက်စ်ချာ ရီသာ၏ နင်းချေမှုကို ခံခဲ့ရပြီးနောက် မိုယေးစ်အနေနဲ့ ဂျနုဇတ်ကို ယခုကဲ့သို့ တိုက်တွန်းသွားခြင်း ဖြစ်သည်။

မိုယေးစ်က “ကျနော်တို့ အဲဒီအကြောင်းနဲ့ ပါတ်သက်ပြီး အက်ဒ်နန့်ကို ပြောခဲ့ပြီးပါပြီ။ လေ့ကျင့်ရေးကွင်းမှာ သူ အမြဲတမ်း ကန်ခံရပါတယ်။ သူ ပြန်ထလာတာပါပဲ။ သူ ပရော်ဖက်ရှင်နယ် ကစားသမားကောင်းတွေဆီက သင်ယူခဲ့ပြီးပါပြီ။ သူ ပြန်ထဖို့ ကြိုးစားရမှာပါပဲ။ ဒါကို လက်ခံရမှာပါ။ သူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တဲ့ မက်ဆီကို ဥပမာအနေနဲ့ ကြည့်ဖို့ပဲ လိုပါတယ်။ သူ အမြဲတမ်းလိုလို ကန်ကျောက်ခံရတာတွေကို ရင်ဆိုင်ခဲ့ရပြီး မျက်လှည့်ဆန်တဲ့ ပြကွက်တွေ ပြသနိုင်ဖို့ ပြန်ထလာခဲ့တာပါပဲ။”

“ကျနော် အက်ဒ်နန့်ကို မက်ဆီနဲ့ နှိုင်းယှဉ်နေတာမျိုး ဘယ်လိုမှ မဟုတ်ရပါဘူး။ ဒါပေမယ့် မက်ဆီလိုမျိုး အကန်ခံရပြီးမှာ လဲကျမသွားပဲ ပြန်ထလာတဲ့ အပြုအမူမျိုးကိုပဲ အက်ဒ်နန့်ဆီမှာ ရှိနေစေချင်တာပါ။”

“ဒါ သူ့ကို ကာကွယ်ပေးဖို့ လိုတယ်လို့ တောင်းဆိုနေတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိ ကစားဟန်အတိုင်း သူ ဆက်ကစားနေရမယ့်ဆိုရင် ရေရှည်မှာ ကာကွယ်မှု တစ်ချို့တော့ လိုအပ်မှာပါပဲ။ ကျနော်တို့ကတော့ အဲဒီလို ကာကွယ်ပေးဖို့ တောင်းဆိုနေမှာ မဟုတ်ပါဘူး။ ဒါက ဒိုင်လူကြီးတွေရဲ့ အပိုင်းပါ။” ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။


Written by အောင်စိုးမိုး(နတ်ရွာ)
Football Café

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ