မယ်ဇလီဖူးတက်ခူးသူ လူငယ်(၂)ဦး ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

၁၇.၁၁.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊ တမာလမ်းနေ မျိုးမင်းသိန်း (ဘ)ဦးမောင်သိန်းသည် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ် လမ်းမကြီးဘေး မယ်ဇလီပင်ပေါ်သို့ မယ်ဇလီဖူးခူးရန်တက်ရောက်စဉ် သာကေတဓါတ်အားပေးစက်ရုံမှ သီတာဓါတ်အားခွဲရုံသို့သွယ်တန်းထားသော 66 KV ဓါတ်အားကြိုးမှ ဓါတ်လိုက်ပြီး မယ်ဇလီပင် ပေါ်တွင် ချိတ်တွယ်သေဆုံးနေသဖြင့် သာကေတမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၃ ဖြင့် ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ၁၂၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)နေ အောင်သူထွန်း(ဘ)ဦးလှစိုးသည် စက်မှုဇုံ(၂)၊ ဦးအောင်သူလမ်းနှင့်ဦးမိုးလမ်းထောင့်ရှိ မယ်ဇလီပင်ပေါ်သို့ မယ်ဇလီဖူးတက်ခူးစဉ် 11 KV ဓါတ်အားကြိုးကို ကိုင်ဆွဲမိကာ မယ်ဇလီပင်ပေါ်တွင် ဓါတ်လိုက်သေဆုံးနေသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၇၅/၂၀၁၃ဖြင့် ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ