ဂရင်းပရီ ၈ ပွဲဆက် အနိုင်ရလဒ်ကို ဆောင်ကြဉ်းခဲ့ပြန်သည့် ဗက်တဲလ်

အသက်အငယ်ဆုံး ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်းတင်ဖူးသလို ယခုရာသီတွင်လည်း ပြိုင်ပွဲအားလုံး မပြီးဆုံးမီ ချန်ပီယံဘွဲ့ကို ကာကွယ်ထားပြီးဖြစ်သည့် ကမ္ဘာကျော် ကားမောင်းသမားသည် အမေရိကန် ဂရင်းပရီတွင်လည်း ဆက်လက် ဗိုလ်စွဲခဲ့ပြန်သည်။

ဂရင်းပရီ ၈ ပွဲဆက် အနိုင်ရလဒ်ကို ဆောင်ကြဉ်းခဲ့ပြန်သည့် ဗက်တဲလ်
ဆီဘက်စတီယန် ဗက်တဲလ် အနေဖြင့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲများတွင် သမိုင်းသစ်တစ်ခု ထပ်မံ ဖန်တီးလိုက်ပြန်ပြီ ဖြစ်သည်။ အသက်အငယ်ဆုံး ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်းတင်ဖူးသလို ယခုရာသီတွင်လည်း ပြိုင်ပွဲအားလုံး မပြီးဆုံးမီ ချန်ပီယံဘွဲ့ကို ကာကွယ်ထားပြီးဖြစ်သည့် ကမ္ဘာကျော် ကားမောင်းသမားသည် အမေရိကန် ဂရင်းပရီတွင်လည်း ဆက်လက် ဗိုလ်စွဲခဲ့ပြန်သည်။ ထို့ကြောင့် တစ်ရာသီတည်းတွင် နိုင်ငံ(၈)ခု၌ ဂရင်းပရီ ပြိုင်ပွဲများ ဆက်တိုက်ဗိုလ်စွဲသော စံချိန်မျိုးကို ဗက်တဲလ်အနေဖြင့် ပိုင်ဆိုင်လာခဲ့သည်။ ဂျာမန်သား ဗက်တဲလ်သည် အဘူဒါဘီ ဂရင်းပရီတွင် ဗိုလ်စွဲစဉ်က တစ်နိုင်ငံတည်းသား မိုက်ကယ်ရှူမေကာ တင်ရှိထားသည့် (၇)ပွဲဆက် ဂရင်းပရီ ပြိုင်ပွဲများ အနိုင်ရသည့် စံချိန်နှင့် ထပ်တူ ရပ်တည်ခဲ့သည်။

တနင်္ဂနွေနေ့ကမူ အော်စတင် ကားပြိုင်ကွင်း၌ ဆက်လက်၍ ဗိုလ်စွဲ အောင်ပွဲခံပြီးနောက် ရှူမေကာကိုပါ ဗက်တဲလ်က ကျော်တက်သွားပြီ ဖြစ်သည်။ ကမ္ဘာကျော် ပြိုင်ဘက် အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့သည့်တိုင် ဗက်တဲလ်သည် ယခုတစ်ကြိမ်တွင်လည်း သက်တောင့်သက်သာပင် ပွဲကိုဦးဆောင်ကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လာမည့်သီတင်းပတ် ဘရာဇီးလ်တွင် ဆက်လက် ဗိုလ်စွဲပါက ကမ္ဘာ့စံချိန်အဖြစ် တည်ရှိနေသည့် အယ်လ်ဘာတို အက်စ်ကာရီ တင်ရှိထားသော တစ်ရာသီအတွင်း ဂရင်းပရီ (၉)ပွဲဆက် အနိုင်ရသည့် စံချိန်ကို လိုက်မီတော့မည် ဖြစ်သည်။ အက်စ်ကာရီသည် အဆိုပါ စံချိန်ကို (၁၉၅၂/၅၃) ရာသီတွင် အဆိုပါ စံချိန်ကို တင်ရှိထားခြင်း ဖြစ်သည်။

စံချိန်ကောင်းများ ရရှိနေသည့်နောက် ဗက်တဲလ်က "ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်တော် ဒီနေ့တွေကို ဘယ်လိုဖြတ်သန်းခဲ့တယ် ဆိုတာကို အမြဲသတိရနေမှာပါ။ ဒါပေမဲ့ ဒီစံချိန်တွေက အမြဲတမ်း တည်မြဲနေမယ် ဆိုတာကိုတော့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။ ကျွန်တော့်နောက်မှာ Red Bullအသင်းဟာ စုစည်းမှုအပြည့်၊ အသင်းစိတ်ဓာတ် အပြည့်နဲ့ ထောက်ခံ အားပေးခဲ့တယ်။ သူတို့အတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော့် အသင်းကို ကျွန်တော် ချစ်မြတ်နိုးမိပါတယ်"ဟု ပြောကြားသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ