ဆာဂျရီ အလှပြုပြင်နည်းနဲ့ သဘာဝလွန်အလှတရား ဆိုးကျိုးကောင်းကျိုးများ

လူသားတို့ရဲ့ မျက်နှာပြင်ကို အစားထိုးခွဲစိတ်ကာ သဘာဝလွန် အလှတရားတစ်မျိုးဖြစ်ပေါ်စေတဲ့ ပလပ်စတစ်ဆာဂျရီအလှပြုပြင်နည်း တစ်မျိုးဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားမှာ လည်း ခေတ်စားနေပါတယ်။မူလ သဘာဝ လူသားမျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေကို သုံးစွဲကြသူတိုင်းမှာ ဆိုးကျိုးကောင်းကျိုးတွေရရှိခံစားစေမှာဖြစ်ပါတယ်။ဆာဂျရီ အ လှပြုပြင်နည်းတွေကို ကမ္ဘာကျော် အနုပညာရှင်တွေအပြင် ကိုရီးယားနိုင်ငံ အတွင်းမှာပါ ခေတ်ရေစီးကြောင်းနဲ့ အတူ ကျယ်ပြန့် လာတာတွေ့ရပါတယ်။ ဒါကြောင့်
မျက်နှာပြင်ခွဲစိတ်ကာ အလှပြုပြင် ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်းပြောပြတဲ့ အနုပညာရှင်များရဲ့ အမြင်ကို စုစည်းဖော်ပြလိုက်ပါတယ်။

မိုးဟေကို-

“ဘုရားပေးတဲ့မျက်နှာမျိုးဘုရားပေးတဲ့ခန္ဓာကိုယ်မျိုးထက်ကိုအခုချိန်ကိုပဲ မကြည့်ပါနဲ့ ရေရှည်ကို ကြည့်စေချင်တယ်။ လူတွေအားလုံးကများသောအားဖြင့် အခုလှနေတာကို ပဲ တွေးနေ ကြသလို နောက်၁ဝနှစ်ဆိုတဲ့အရာနဲ့ ၂ဝနှစ် နှစ်၂ဝ အရာကို ထည့်ပြီးမတွေးမိကြဘူး။သဘာဝကိုပဲ အားပေးတယ်။မိန်းကလေးတွေချည်းပဲမဟုတ်ဘူး တချို့လှ ချင်ကြတဲ့ယောက်ျားလေးတွေ လည်းရှိ တယ်။ ဒါပေမဲ့နောင်ဖြစ်လာမယ့် ဆိုးကျိုးကိုမတွေးကြဘူး။ လူတစ်ယောက်နဲ့တစ်ယောက်က အသွေး သားချင်းမတူဘူး။ဆိုးကျိုး ကမဖြစ်ခဲ့ရင်တော့ ကောင်းတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒီလိုမျိုး လုပ်ခဲ့လို့ အခုလိုဆိုးကျိုးခံစားရတဲ့ နောင်တလည်း မဖြစ်စေချင်ဘူး။ ရိုး ရိုးကျန်းမာရေး လိုက်စားပြီး ခန္ဓာကိုယ်ရဲ့အသွေးအသားလှတာကိုပဲ အားပေးပါတယ်”

အွန်ဆိုင်း-

“ဒီခေတ်မှာ လူတိုင်းကတော့ လှချင်ကြတာတွေပဲလေ။ ဒါပေမဲ့ တချို့ကပြင်ချင်ပေမယ့်တချို့ ကတော့ဒီအတိုင်းပဲကြိုက်ကြတယ်။ခံယူချက်ပေါ်မူတည်တယ်။ အနုပညာ ရှင်တွေကတော့ တခြားလူတွေထက်ပိုလိုအပ်တယ်။အွန်ဆိုင်းဆိုလည်းအသက်ကြီးလာရင်လုပ်ရမယ်ထင်တယ်။ အခုက နည်း ပညာတွေတိုးတတ်လာတော့ ပိုလှအောင် ပိုကောင်းအောင်လုပ်ကြ တယ်။ဘာမှန်နခအလည်းမရှိဘူးဆိုတော့ပိုကောင်းအောင်လုပ်ကြမယ်ထင်တယ်။တချို့ကျတော့လည်း ဘုရားပေးထား တဲ့ အလှကိုပဲကြိုက်ကြ တာလည်းရှိတယ်ကိုယ့်အလှပေါ်မှာ ကြိုက်တာလည်းရှိတယ်။ကိုယ့်အလှပေါ်မှာ စိတ်ကျေ နပ်မှုရှိတယ်ဆိုရင်တော့ လုပ်စရာမလိုပါဘူး”

ဝါဆိုမိုးဦး-

“လူငယ်တော်တော်များများကဆာဂျရီလုပ်ကြတာတွေ့ရတယ်။ကိုးရီးယားမှာဆိုမင်းသား၊မင်းသမီး တွေကပြင်ထားကြတာများတယ်။အနုပညာရှင်တိုင်းနီးပါးပဲ။သူတို့ တွေ
က သာမန်တော်တော်များများ ကမချောကြဘူး။”

ဆန်းသစ်လ-

“ဆာဂျရီ လုပ်တာက ကိုယ်ကအနုပညာရှင်တစ်ယောက် ဖြစ်တော့ပရိသတ်ကို ပေးဆပ် တဲ့အတွက်လုပ်တာလည်း ဖြစ်နိုင်တယ်။ဥပမာ-နှာ ခေါင်းလေးပြင်လိုက် လို့ပြည့်စုံ သွားတယ် ဆိုပြင်သင့်တယ်လို့ ထင်တယ်။ဒါပေမဲ့ အတိုင်းထက်အလွန် လုပ်တယ်ဆိုတာတော့ဘယ်အ ရာမှ မကောင်းပါဘူး”

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ