ချစ်သူဟောင်းနှင့် ပြန်လည်ဇာတ်လမ်းစနေသည့် Superman မင်းသား

Superman: Man of Steel ဇာတ်ကားနှင့်အတူ အောင်မြင်မှုများ ရရှိခဲ့သည့် မင်းသား ဟင်နရီ ကာဗီးလ်သည် ချစ်သူဟောင်းနှင့် ပြန်လည် လက် တွဲနေပြီ ဟု သတင်းများ ထွက်ပေါ်

ချစ်သူဟောင်းနှင့် ပြန်လည်ဇာတ်လမ်းစနေသည့် Superman မင်းသား
Superman: Man of Steel ဇာတ်ကားနှင့်အတူ အောင်မြင်မှုများ ရရှိခဲ့သည့် မင်းသား ဟင်နရီ ကာဗီးလ်သည် ချစ်သူဟောင်းနှင့် ပြန်လည် လက်တွဲနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အသက်(၃၀) အရွယ်ရှိ (၂၀၁၂)ခုနှစ်၊ စက်တင်ဘာလက ဂျီနာကာရာနိုနှင့် ချစ်သူများ ဖြစ်ခဲ့ကြ သည်။ သို့သော်လည်း ၎င်းတို့ နှစ်ဦး၏ ဆက်ဆံရေးသည် ကာလရှည်ကြာ မတည်မြဲခဲ့ဘဲ ယခုနှစ် အစောပိုင်းက လမ်းခွဲခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် အသက်(၃၀)အရွယ် မင်းသားအနေဖြင့် The Big Bang Theory ဇာတ်ကားမှ ကေလီ ကူအိုကိုနှင့် ဇာတ်လမ်းအသစ် စတင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင်မူ ဟင်နရီသည် ဂျီနာနှင့် ပြန်လည် အဆင်ပြေ သင့်မြတ်နေပြီဟု ယူဆလောက်စရာ အခြေအနေများ ရှိလာခဲ့သည်။

ကိုယ်ခံပညာရှင် ဘဝမှ မင်းသမီးအဖြစ် ကူးပြောင်းလာသူ ဂျီနာနှင့် ဟင်နရီ တို့သည် ရိုးမားတွင် အတူတကွ ပျော်ပျော်ရွှင်ရွှင် ညစာစားနေသည် ကို တွေ့ရှိခဲ့သူများက ၎င်းတို့နှစ်ဦးသည် ဆက်ဆံရေးကောင်း တစ်ရပ်ကို အသစ်ပြန်လည် တည်ဆောက်နေပြီဟု မှတ်ချက်ပြုခဲ့ကြသည်။ Fast and Furious 6 ဇာတ်ကားမှ ဂျီနာသည် ဝိုင်တစ်ပုလင်းကို ဟင်နရီနှင့်အတူ မျှဝေသောက်ရင်း ရယ်မော ကြည်နူးနေခဲ့ကြောင်း သိရှိရသည်။ လတ်တလောတွင် ဟင်နရီသည် ဂိုင်းရစ်ချီ ရိုက်ကူးသည့် The Man From U.N.C.L.E ဇာတ်ကားအတွက် ရိုးမားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဟင်နရီ၏ ချစ်သူဟောင်း ဖြစ်ခဲ့သူ ကေလီမှာလည်း ပြီးခဲ့သည့် သီတင်းပတ်က တင်းနစ် ကစားသမား ရိုင်ယန်ဆွိတင်နှင့် စေ့ စပ်ကြောင်း ကြေ ညာခဲ့ခြင်းကြောင့် ဟင်နရီအနေဖြင့် ယင်းနှင့် လုံးဝ ဇာတ်လမ်းပြတ်သွားကြောင်း သေချာစေခဲ့သည်။

Planet Myanmar Netwrok

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ