ယာဉ်ထိန်းရဲနှင့် ဆယ်အိမ်မှူးအား ပုဆိုးချွတ်ပြပြီး ဆဲဆိုထိုးကြိတ်ခဲ့သည့် ယာဉ်မောင်းအား အမှုဖွင့်

အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် စစ်ဆေးရေးပြုလုပ်နေသော ယာဉ်ထိန်းရဲ နှင့် ဆယ်အိမ်မှူးတို့ကို ပုဆိုးချွတ်ပြပြီး ၀င်ရောက်ထိုးကြိတ်ခဲ့သည့် တက္ကစီယာဉ်မောင်းတစ်ဦးကို အောက်တိုဘာ ၉ ရက်တွင် ရဲက ဖမ်းဆီး စစ်ဆေးနေသည်။

အောက်တိုဘာ ၈ ရက်နေ့ ည ၁၁နာ ရီခွဲအချိန်က အင်းစိန်ရဲစခန်းမှ ဒု-ရဲအုပ်လှ အောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း လမ်းဆုံတွင် ယာဉ်စစ်ဆေးရေး လုပ်ကိုင် ဆောင်ရွက်နေစဉ် နေရာနှင့် ကိုက်(၁၀၀) ခန့်အကွာ ရန်ကုန်-ပြည်လမ်း လမ်းလယ်တွင် ယာဉ်အမှတ် ၉ဂ/----၊ ယာဉ်အမျိုးအစား စိစစ်ဆဲယာဉ်နှင့် ဗဗ/---- အငှားယာဉ် မောင်းတို့ ယာဉ်ချင်းငြိသည့် ကိစ္စနှင့်စကားများ ရန်ဖြစ်နေသည်ကို တွေ့ခဲ့ကြသည်။

ထို့ကြောင့် ယာဉ်ထိန်းရဲများက သွားရောက်ဖြေရှင်းပြီး ယာဉ်အား လမ်းဘေးပြောင်းရွှေ့ပေးရန် ပြောခဲ့ရာ အငှားယာဉ်မောင်းက ညစ်ညမ်းစွဲဆဲဆိုပြီး ပုဆိုးချွတ်၍ မဖွယ်မရာ လုပ်ပြသည့်အပြင် ယာဉ်ထိန်းရဲနှင့် ရွာမ အနောက်ရပ်ကွက် ဆယ်အိမ်မှူးတို့အား ဆဲဆိုထိုးကြိတ်ခဲ့သည်ဟုလည်း တိုင်ကြားထားသည်။

ယာဉ်ထိန်းရဲတွင် မျက်နှာဝဲဘက်ဖူးရောင် ဒဏ်ရာနှင့် ဆယ်အိမ်မှူးတွင် ရင်ဘတ် နာကျင်ဒဏ်ရာ အသီးသီးရရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ယင်းကြောင့် ဒု-ရဲအုပ် လှအောင်က တရားလိုပြုလုပ်ပြီး စွပ်စွဲတိုင် တန်းထားမှုကို အမှုဖွင့်ပြီး တိုင်တန်းခံရသူအား ဖမ်းဆီး စစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ဆဲဆို ၀တ်္တရားနှောင့်ယှက်မှု၊ နာကျင်စေမှု ပုဒ်မ ၂၉၄/၃၃၂တို့ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ