Shopping ထွက်ခြင်းက ခန္ဓာကိုယ်ကို လှသွားစေတယ်လို့ဆိုလာသူ နန်းသူဇာ

ကြော်ငြာတွေမှာ ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ သရုပ်ဆောင်တတ်ပြီး Photo မော်ဒယ်အဖြစ်နဲ့ပါ ရပ်တည်နေတဲ့ နန်းသူဇာက နန်းမြတ်ဖြိုးသင်းနဲ့အတူ တွဲလုပ်ထားတဲ့ “သူငယ်ချင်း”သီချင်းခွေကိုလည်း မကြာသေးခင်ကမှ ထွက်ရှိထားပါတယ်။ ဒါ့ကြောင့် နန်းသူဇာကို နန်းမြတ်ဖြိုးသင်းနဲ့အတူတူ ဖန်တီးဖြစ်သွားတဲ့ သီချင်းခွေ နဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့သမျှ... ကြော်ငြာတွေမှာ ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ သရုပ်ဆောင်တတ်ပြီး Photo မော်ဒယ်အဖြစ်နဲ့ပါ ရပ်တည်နေတဲ့ နန်းသူဇာက နန်းမြတ်ဖြိုးသင်းနဲ့အတူ တွဲလုပ်ထားတဲ့ “သူငယ်ချင်း”သီချင်းခွေကိုလည်း မကြာသေးခင်ကမှ ထွက်ရှိထားပါတယ်။ ဒါ့ကြောင့် နန်းသူဇာကို နန်းမြတ်ဖြိုးသင်းနဲ့အတူတူ ဖန်တီးဖြစ်သွားတဲ့ သီချင်းခွေ နဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့သမျှ...

Q - နန်းမြတ်ဖြိုးသင်းနဲ့အတူတူပေါင်းပြီး အခွေ စီစဉ်ဖြစ်ပုံကို သိချင်ပါတယ်။
A - နန်းသူဇာနဲ့ နန်းမြတ်က ရှုတင်တွေမှာလည်း ဆုံတယ်။ အရင်ကတည်းကလည်း ခင်တယ်။ ပြီးတော့ နန်းမြတ် မားမားနဲ့ နန်းသူဇာ မားမားတို့က စကားတွေ ပြောဖြစ်နေတဲ့အချိန်မှာ နန်းသူဇာက အခွေလုပ်ဖို့ ပြောဖြစ်တယ်။ Single လုပ်ဖို့ကျတော့လည်း အကုန်အကျတွေက များတယ်လေ။ အဲဒီတော့ ၂ ယောက်ပေါင်းပြီးတော့ တစ်ခွေ၊ သီချင်းနည်းနည်းနဲ့ ကောင်းကောင်း လုပ်မယ်ဆိုပြီး တိုင်ပင်ဖြစ်သွားတာပေါ့။

Q - “သူငယ်ချင်း”ဆိုပြီး Title ပေးဖြစ်တာကရော။
A - နန်းသူဇာတို့ Title တွေ အများကြီး ရွေးကြတယ်။ တော်တော်စုံတယ်။ ထူးထူးဆန်းဆန်းတွေ ဖြစ်တဲ့“ပူတူးတူး”တို့ “ပတားတား”တို့ ကဗျာဆန်တဲ့ “ပန်းနုရောင်အိပ်မက်”တို့ အစုံပါပဲ။ အဲဒီမှာ ဘာတစ်ခုမှ မကြိုက်ဘူး။ ကြိုက်တာတွေ့ပြန်တော့လည်း နောက်တစ်ယောက်က မကြိုက်နဲ့ ဖြစ်နေတာပေါ့။ အဲဒါနဲ့ နန်းမြတ်နဲ့ နန်းသူဇာက သူငယ်ချင်းတွေ ဖြစ်တာနဲ့ပဲ ရိုးရိုးရှင်းရှင်း “သူငယ်ချင်း”ဆိုပြီး ပေးဖြစ်သွားတာပါ။ ဒီ Title ကိုလည်း ၂ ယောက်ပေါင်းပြီးပဲ ပေးထားတာပါ။

Q - ဒီအခွေမှာ သီချင်းဘယ်နှစ်ပုဒ်လောက်ပါမလဲ။
A - (၁၆)ပုဒ်ပါမယ်။ နန်းသူဇာတစ်ယောက်တည်း ဆိုထားတာ (၅)ပုဒ်၊ နန်းမြတ် Single (၅)ပုဒ်၊ နန်းမြတ်နဲ့ နန်းသူဇာ နှစ်ယောက်ပေါင်း ဆိုထားတာ (၂)ပုဒ်၊ Featuring ဆိုပေးထားတဲ့ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်း၊ ရဲရင့်အောင်တို့နဲ့က (၄)ပုဒ်ပေါ့။

Q - တေးရေးဆရာတွေက ဘယ်သူတွေပါမလဲ။
A - ဦးကိုင်ဇာ၊ ဆောင်းဦးလှိုင်၊ ရဲလေး၊ ဆိုတေး၊ သားကြီး၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ သားသား၊ ရဲရင့်အောင်၊ ဝေယံမင်းသူ၊ Hmone Gyi (Nov)

Q - နန်းသူဇာဆိုတဲ့ဘက်မှာ နန်းသူဇာ စိတ်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းပါဝင်လား။
A - နန်းသူဇာ စိတ်ခံစားချက်နဲ့ တိုက်ဆိုင်တယ်ဆိုတာထက် ဖြစ်ရပ်မှန် တစ်ပုဒ်တော့ ထည့်ထားပါတယ်။ သီချင်းနာမည်တော့ မပြောတော့ဘူး။ ၀ယ်ကြည့်ကြည့်ပေါ့။

Q - ဒီအခွေမှာ Rapper တေးရေးဆရာတွေလည်း ပါတဲ့အတွက် Rap သီချင်းပုံစံတွေ ပါသလား။
A - Rap ပုံစံတွေ ပါတယ်။ နန်းသူဇာဘက်မှာ ကျော်ထွဋ်ဆွေနဲ့ ကိုနိုင်းဝမ်းတို့က သီဆိုထားတယ်။ ဒါပေမဲ့ ထူးဆန်းတာက ကိုနိုင်းဝမ်းက Melody ပုံစံ ဆိုထားတယ်။ သူလည်း Melody ပုံစံကို ပြန်ပြောင်းဆိုချင်တယ်ဆိုတာနဲ့ ဆိုဖြစ်သွားတယ် ထင်ပါတယ်။

Q - ဒီအခွေမှာ Pop ချိုချိုသီချင်းတွေ များလား။
A - အဓိကကတော့ နှစ်ယောက်ပေါင်းအခွေ ဖြစ်တဲ့အတွက် Commercial ပိုများတာပေါ့။ ပရိသတ်ကြိုက်မယ့်ပုံစံလည်း ပါတာပေါ့။ ပြီးတော့ သီချင်းရေးပေးတဲ့သူပေါ်မှာလည်း မူတည်ပါတယ်။

Q - နန်းသူဇာက ငယ်ငယ်လေးကတည်းက ဂီတကို ၀ါသနာပါခဲ့တာလား။
A - ငယ်ငယ်တုန်းကဆိုရင် Westlife အဖွဲ့ကို ကြိုက်တယ်။ သူတို့ သီချင်းတွေဆို အကုန်ရတယ်။ စတိတ်ကျောင်းတွေရဲ့ သီချင်းဆိုတဲ့ အဖွဲ့တွေမှာဆိုရင် ၀င်ဆိုတယ်။ သီချင်းဆိုရမယ့်အချိန်ဆိုရင် ပျော်နေတာပဲ။ အဲဒီလိုမျိုး ဂီတကို ရူးသွပ်ခဲ့တာပါ။

Q - နန်းသူဇာက သီချင်းလည်းလုပ်နေပြီဆိုတော့ အသံပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေ လေ့လာဖြစ်သလဲ။
A - ဒီအခွေက (၆)လ ကျော်ကျော်လေးနဲ့ အမြန်လုပ်ဖြစ်သွားတယ်။ ဒီအတောအတွင်းမှာလည်း သီချင်းခွေတွေ ထွက်တာများတဲ့အတွက်လည်း ကိုယ်ရတဲ့အချိန်မှာ ထုတ်ရတာဆိုတော့ နည်းနည်းတော့ Rush ဖြစ်သွားတယ်။ ဒါပေမဲ့ သီချင်းတစ်ပုဒ်စီကိုတော့ Studio မှာအချိန်အကြာ ကြီး ယူပြီးတော့သွင်းရပါတယ်။ ပြီးတော့ သီ ချင်းရေးပြီးတီးတဲ့ ကိုသားကြီးဆိုရင်လည်း သူ ကိုယ်တိုင်အသံဖမ်းပေးတယ်။ ဒါကြောင့် ကို သားကြီးကိုလည်း ကျေးဇူးတင်တဲ့သူမှာ ပါတယ်။ သီချင်းတစ်ပုဒ်ပေါ်မှာ သီချင်းကိုရေးပြီး Arrangement ပေးတဲ့သူတွေက သေချာလိုက် ပြောပေးတယ်။ လေ့ကျင့်တာထက်စာရင် အပုဒ်တိုင်းကိုတော့ သေသေချာချာ ထိထိရောက်ရောက်လေး လုပ်ထားပါတယ်။

Q - ဒီ ဂီတလမ်းကြောင်းထဲဝင်လာပြီဆိုတော့ ကိုယ့်ရဲ့အသံပိုင်းနဲ့ပတ်သက်ပြီး သင်ပေးတဲ့ ဆရာတွေရော ရှိလား။
A - သင်ပေးတဲ့ဆရာတွေတော့ မရှိပါဘူး။ ကိုယ့်ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေထဲမှာဆိုရင် ကိုယုန်လေးတို့၊ ကိုရသတို့က ဘယ်နေရာဘယ်လိုပြင်ဆိုပြီး ၀ိုင်းပြီးတော့ ပြောပေးကြပါတယ်။ ဘယ်နေရာမှာ မကောင်းဘူး၊ ကောင်းတယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောကြားပါတယ်။

Q - ပြည်တွင်းမှာဆိုရင် နန်းသူဇာ Shopping ထွက်ဖြစ်တဲ့ နေရာက။
A - တော်ဝင်စင်တာ၊ Junction Maw Tin, Junction Square ပြီးတော့ လမ်းကြိုလမ်းကြားတွေ ပေါက်ကရနေရာတွေမှာ လိုက်ရှာပြီး လျှောက်သွားတယ်။

Q - ပြည်ပရဲ့ ဘယ်နေရာမှာ Shopping ထွက်ရတာ အကြိုက်ဆုံးလဲ။
A - ဘန်ကောက်က အကောင်းဆုံးပေါ့။ ရန်ကုန်နဲ့လည်းနီး။ ပစ္စည်းစုံပြီး ဈေးသက်သာတယ်။ Branded တွေ ၀ယ်မယ်ဆိုရင်တော့ စင်ကာပူသွားဖြစ်တယ်။

Q - ပြည်တွင်းက Shopping Centre တွေအပေါ် နန်းသူဇာရဲ့ အမြင်က။
A - အရင်ကဆိုရင် ဆိုင်တိုင်းမှာ ဒီဇိုင်းစုံမရှိ ကြဘူးလေ။ အခုဆို ဆိုင်တိုင်းမှာ ပုံစံတူတွေရှိနေတော့ ရွေးရတာ ခက်သွားပြီပေါ့။

Q - စိတ်ညစ်တဲ့အချိန် Shopping ထွက်ဖြစ်လား။
A - စိတ်ညစ်တဲ့အချိန်မှာ Shopping ထွက်လိုက်ရင်တော့ စိတ်ညစ်တာတော့ ပြေပျောက်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံကုန်တယ်။ သူငယ်ချင်းတွေနဲ့ Window Shopping ထွက်ရင်တော့ ကောင်းပါတယ်။

Q - Shopping ထွက်ခြင်းကရော ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မြင်မိလား။
A - လမ်းလျှောက်ရတာဆိုတော့ တော်တော်ကောင်းပါတယ်။ ဘန်ကောက်သွားပြီး Shopping ထွက်ပြီး ပြန်လာလို့ရှိရင် ပိန်သွားတယ်လို့ ခံစားရတယ်။ ကျန်းမာရေး ညီညွတ်တယ်ဆိုတာထက် ခန္ဓာကိုယ် လှသွားစေတယ်လို့ ပြောရမယ်ထင်တယ်။

Q - Shopping ထွက်ခြင်းနဲ့ပတ်သက်ပြီး ပရိသတ်ကြီးအတွက် အကြံပေးစကားကရော။
A - ၀တ်စုံကို ကြိုက်ရင်လည်း ၀ယ်လိုက်ပါ။ သူများဝယ်သွားမှာ စိုးရိမ်တာထက်စာရင်။ သေသေချာချာလည်း ချင့်ချိန်ပြီး ၀ယ်ပေါ့။ လှပပြီး လုံခြုံစေမယ့် အ၀တ်အစားမျိုးပဲ ၀တ်ပါလို့ အကြံပေးချင်ပါတယ်။

ယွန်းလင်္ကာ
ဓာတ်ပုံ - ကိုအောင် (Flash Memo)

M Plaza Shopping Journal (Vol 1, No 18 )

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ