ကိုယ်ပိုင်သံစဉ် သီချင်းတွေ စုထားတဲ့ အိချောပို

ကိုယ်ပိုင်သံစဉ် သီချင်းတွေ စုထားတဲ့ အိချောပိုအိချောပိုက ခန့်စည်သူနဲ့ ဇာတ်ကားရိုက်ကူး နေပါတယ်။ ဇာတ် ကားရိုက် ကူးမှုတွေကိုလည်း ဆက်တိုက် ရိုက်ကူးဖြစ်နေသလိုသီ ချင်းတွေကိုလည်း လုပ်နေဖြစ် တယ်လို့ သိရပါတယ်။ ဒီလို သီချင်းတွေ စီစဉ်ဖြစ်တာနဲ့ ပတ် သက်ပြီး “သီချင်းတွေက ပရိသတ်တွေတောင်းဆိုတာတို့၊ အကူအညီ တောင်း တာတို့ဆို ဆိုဖြစ် ပါတယ်။ သီချင်းတွေက ကိုယ်ပိုင်သံစဉ်သီချင်း ခုနစ် ပုဒ် လောက်လုပ် ထားတာရှိတယ်။ သီချင်းခွေလုပ်ဖို့ အတွက်ကတော့ လော လောဆယ်အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ တောင်း ဆိုရင်တော့ ဆိုဖြစ် သင်္ကြန်မှာ သီချင်းဆိုပေးဖို့ပြောတော့ ဆိုပေးရင်းနဲ့ လုပ်ဖြစ်သွားတယ်။ အိချောက အမှန်တိုင်းပြောရရင် သီချင်း ဆိုတာဝါသနာပါပေမယ့် သီချင်းသိပ်ဆိုတတ်တဲ့ အထဲမပါဘူး။ ပရိသတ်တွေရဲ့အားပါပဲ။

သီချင်းတွေက ဆရာ ဓိရာမို ရေးပေး တာပေါ့ အေးအေးလေးတွေ ပါပဲ။ အနုပညာ သမားဆိုတာ သီချင်း လည်းဆိုတတ် ရမယ် ဆိုတော့ အနည်းအကျဉ်း ကိုယ့်ဘာသာလုပ်ထားတဲ့ စိတ်ကူးလေးပါပဲ” လို့ ပြောပြပါတယ်။ သီချင်းတွေလုပ် ဖြစ်ပေမယ့် သင်္ကြန်တွင်းလောက်ပဲ နယ်တွေကို သွားဆိုဖြစ်တဲ့အတွက် ပရိသတ်တွေ ကိုတောင်းပန်ပါတယ်လို့ ပြောပြတဲ့ အိချောပိုက သီချင်းတွေလုပ် ထားပေမယ့် တချို့နယ်တွေက သီချင်း ဆိုပေးဖို့ ဖိတ်ကြတယ်။ အိချောကလည်း ကားရိုက်တွေလည်း ရှိနေတော့ နယ်တွေထွက်ဆိုဖို့ ဖျက်လိုက်ရတာတွေ အတွက် ပရိ သတ်တွေကို တောင်းပန်ပါတယ်။ သင်္ကြန်ဆိုရင်တော့ ဆိုဖြစ် ပါတယ်။ အိချောကို ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကြိုးစားပြီး လုပ်သွားရပါတယ်လို့ ပြောပြခဲ့ ပါတယ်။

By Popular News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ