Miss Universe Myanmar 2013 ဆုရ မိုးစက်ဝိုင်ရဲ့ လတ်တလော ကောလာဟလရှင်းတမ်း

Miss Universe Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ မိုးစက်ဝိုင်က လတ်တလာ Facebook ပေါ်မှာ တက်နေတဲ့ သတင်းနဲ့ပတ်သက်ပြီး ““ဟုတ်ကဲ့။ မိုးစက်သွားခဲ့တာက တက္ကသိုလ်များ ဘောလုံးအသင်းပြိုင်ပွဲကို သွားအားပေးခဲ့တာပါ။ မိုးစက်ကလည်း ဒဂုံတက်္ကသိုလ်မှာ E မေဂျာ အဝေးသင်နဲ့ ဘွဲ့ရထားတာပါရှင်။ ပြီးတော့ မိုးစက် အခုရထားတဲ့ Miss Unuverse ဆုကလည်း အားကစားဝန်ကြီးတွေရဲ့ အောက်ကသွားတဲ့အတွက် Miss တစ်ယောက်အနေနဲ့ ဒဂုံတက္ကသိုလ် ကျောင်းသူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အားကစားပွဲကို သွားရောက် အားပေးတာပါရှင်””လို့ ပြောလာပါတယ်။ အားပေးကြတဲ့ပရိသတ်တွေရဲ့ အမြင်စောင်းမှုအပေါ် ““ဒါက မရှင်းမလင်း အမြင်လွဲသွားတာပါ။ အဓိကက ဖိတ်တဲ့ပွဲလေးတစ်ခုကို ဖလားလေး ပဲ ယူဆောင်ပေးသွားတာပါ။ တစ်မျိုးမြင်သွားတဲ့ကိစ္စကတော့ အကြောင်းအရာကို သေသေချာချာ ဂဃနဏမသိလို့ပဲ မိုးစက်မြင်ပါတယ်”” လို့ ပြောပြခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Facebook ပေါ်မှာ မိုးစက်ဝိုင်ကို မုန်းသူများဆိုတဲ့ Facebook တွေနဲ့ပတ်သက်ပြီး သွားပြိုင်တော့မယ့် Miss တစ်ယောက်ရဲ့ ထိခိုက်နိုင်မှုအပေါ်ကို ““မိုးစက် မြင်တာကတော့ အထင်လွဲတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ ဒီဟာကို Media တွေကလည်း ၀ိုင်းပြီးဖြေရှင်းပေးကြမယ်။ နိုင်ငံရဲ့အားကစားအဖွဲ့ချုပ်ကလည်း ၀ိုင်းပြီးအားပေးကြမယ်။ မိုးစက်ကိုယ်တိုင်ကလည်း ဒဂုံတက္ကသိုလ် အဝေးသင်ကျောင်းသူတစ်ယောက်အနေနဲ့ သွားအားပေးတာကို လက်ခံနိုင်ကြမယ်၊ သဘောပေါက်ကြမယ်ဆိုရင်တော့ မိုးစက်အပေါ် အမြင်စောင်းနေတာလေးတွေ လျော့သွားမှာပါ””လို့ ဆိုလာပြန်ပါတယ်။ Miss မရခင်တုန်းက ပရိသတ်အားပေးမှုမြင့်ခဲ့ပေမယ့် Miss ရပြီးတဲ့နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ““အရင်က အားပေးခဲ့တဲ့ ပရိသတ်တွေကတော့ အခုချိန်ထိ အားပေးနေဆဲပါ။ ဒါပေမဲ့ တချို့အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲသွားတာတွေတော့ ရှိတာပေါ့နော်။ အရင်က Message တွေပို့ပေးတဲ့ ပရိသတ်တွေကလည်း အခုချိန်ထိ ပို့ပေးနေတုန်းပါပဲ။ မိုးစက်ကိုပဲ ယုံကြည်ပါတယ်။ ဒါကိုလည်း လက်ခံပါတယ်။ ဖြေရှင်းပြလို့ရှိရင် နားထောင်ပါမယ်လို့ Message တွေ ပို့ပေးတဲ့ပရိသတ်တွေက မိုးစက်မှတ်မိသလောက် ဟိုးအရင်က အားပေးခဲ့တဲ့ပရိသတ်တွေ ဆက်လက်ပြီးရှိဦးမှာပါပဲ။ ကိုနေရွှေသွေးအောင် (ဖိုးလပြည့်)နဲ့ကလည်း ဘာမှ မပတ်သက်ပါဘူး။ Miss တစ်ယောက်အနေနဲ့ ဖိတ်တဲ့ပွဲလေးကို သွားတက်ရုံသက်သက်ပါ။ ဘာမှမပတ်သက်ဘူးဆိုတာကို အတိအလင်း ကြေညာပါတယ်။ သေချာပါတယ်။ Comfirm ပါ””လို့ စာနယ်ဇင်းမီဒီယာကို အသိပေးခဲ့ပါတယ်။ ရုရှားနိုင်ငံမော်စကိုမြို့မှာ သွားရောက်ယှဉ်ပြိုင်ရမှာနဲ့ ပတ်သက်ပြီး ““ပေးထားတဲ့ အချိန်ကာလနည်းတဲ့အတွက် မိုးစက်အတတ်နိုင်ဆုံးတော့ လေ့လာပါတယ်။ ခန္ဓာကိုယ် အလှ၊ ပြင်ပဗဟုသုတနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်တော့ ကြိုးစားနေပါတယ်။ ဟိုကိုရောက်သွားတဲ့အခါကျရင်လည်း မြန်မာပြည်ရဲ့အလှ၊ မြန်မာစိတ်ဓာတ်တွေကို သူငယ်ချင်း နိုင်ငံခြားသူတွေကို မျှဝေပေးချင်ပါတယ်။ အောက်တိုဘာ (၁၆)ရက်နေ့မှာ စတင်ထွက်ခွာမှာဖြစ်ပြီး (၉)ရက်နေ့မှာ ယှဉ်ပြိုင်ပြီးတာနဲ့ (၁၁)ရက်နေ့လောက်ဆို မိုးစက်ပြန်ရောက်ပါပြီ။ ဟိုမှာ ပြိုင်မယ့် ပွဲအတွက် ၀တ်စုံတွေကိုတော့ မိတ်ကပ်အန်တီတိုး၊ ကိုမျိုးမင်းစိုး၊ အန်တီပေါက်နဲ့ မဌေးဌေးတင်တို့က စီစဉ်ပေးမှာပါ။ ဟိုကို ရောက်ရင်လဲ မိုးစက်ကို အားပေးဖို့အတွက် Fun Page ကို တစ်ခါတည်း အသိပေးချင်ပါတယ်။ Facebook မှာလဲ မိုးစက်ဝိုင်ဆိုတာတွေ အများကြီးပေါ်နေပါတယ်။ မိုးစက်က အခုမှ ဒီနေ့ညမှ တစ်ခု Select လုပ်မှာပါ။ အဲဒီအခါကျရင် မိုးစက်ဝိုင် Official Page ကနေ တင်ပေးမယ်။ Miss Universe Page မှာလဲ အကြောင်းကြားပြီး Post ပေးသွားမယ်။ ရုရှားမှာ ကြုံတွေ့ရမယ့် အခြေအနေတွေကို ရရင်ရသလို အဲဒီ Page ကနေ Post လုပ်သွားပါမယ်””လို့ ပြောပါတယ်။ ဒီ Miss ပြိုင်ပွဲက မြန်မာနိုင်ငံက အကြီးဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် မသွားခင်ကတည်းက ကောလာဟလနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အကြောင်းကို ““စိတ်မကောင်းတော့ နည်းနည်း ဖြစ်ပါတယ်။ အဓိကက မဟုတ်တဲ့ဟာကို မိဘပြည်သူတချို့က အထင်လွဲတယ်။ ဒါပေမဲ့ အခုလို ရှင်းလင်းပွဲလုပ်ရတဲ့အတွက် တော်တော်လေး ၀မ်းသာပါတယ်။ ဒီလိုရှင်းပြရတဲ့အတွက် ကျေနပ်ပါတယ်””လို့ Miss Universe Myanmar မိုးစက်ဝိုင်က ဖြေကြားပေးခဲ့ပါတယ်။

အမ်ဘုံဆူးခက်

M Plaza Shopping Journal (Vol 1, No 18 )

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ