ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန်
အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့်တင်လျက်ရှိရာ
ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်
(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ
ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။
ထိုသို့ပြုလုပ်ခြင်းကြောင့်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင်
၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊
ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့်
အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊
နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂
နာရီတွင် လည်းကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA
မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း
လေးစားစွာဖြင့် မိဘပြည်သူများအား
အသိပေးတင်ပြအပ်ပါကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။
Popular Myanmar News Journal
နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက် မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
နည်းပညာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin