Nike ဘောလုံးကန် ဖိနပ်အသစ်ကို ရော်နယ်လ်ဒို မိတ်ဆက်ပြသ

ဘောလုံးလောက၏ ကြယ်တစ်ပွင့်အဖြစ် ခိုင်းနှိုင်းညွှန်းဆို ခံရလေ့ရှိသည့် ရီးယဲလ်မက်ဒရစ် တိုက်စစ်သမားသည် နဂါးငွေ့တန်း ကြယ်စင်စုများပုံ ရိုက်နှိပ်ထားသည့် Nike၏ ဖိနပ်သစ်ကို စီးနင်းသွားမည် ဖြစ်သည်

၎င်းအတွက် Nikeက အထူးထုတ်လုပ်ပေးခဲ့သည့် ဘောလုံးကန်ဖိနပ် ဒီဇိုင်းသစ်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက မိတ်ဆက်ပြသလိုက်သည်။ ဘောလုံးလောက၏ ကြယ်တစ်ပွင့်အဖြစ် ခိုင်းနှိုင်းညွှန်းဆို ခံရလေ့ရှိသည့် ရီးယဲလ်မက်ဒရစ် တိုက်စစ်သမားသည် နဂါးငွေ့တန်း ကြယ်စင်စုများပုံ ရိုက်နှိပ်ထားသည့် Nike၏ ဖိနပ်သစ်ကို စီးနင်းသွားမည် ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်က အဆိုပါ ဖိနပ်အသစ်၏ ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့ပြီး "ကျွန်တော့် Mercurial ဖိနပ်အသစ်တွေပါ။ Nikeရဲ့ လက်ရာပေါ့။ ခင်ဗျားတို့ ဘယ်လိုထင်လဲ"ဟု ပရိသတ်များအား ဝေဖန်ချက် တောင်းခံခဲ့သည်။ ရော်နယ်လ်ဒိုသည် သေတ္တာငယ် တစ်လုံးကိုဖွင့်ကာ ဖိနပ်အသစ်များကို ထုတ်ကြည့်ပြီးနောက် ကင်မရာဘက်လှည့်ပြီး "အရမ်းမိုက်တယ်"ဟု ပြောဆိုနေသည့် ဗီဒီယို ဖြတ်ပိုင်းလေး တစ်ခုကိုလည်း Instagramတွင် လွှင့်တင်ခဲ့သေးသည်။

Nike၏ အဆိုအရ Mercurail IX အမျိုးအစား ဖိနပ်သစ်တွင် ကြယ်စင်စု ပေါက်ကွဲမှု Supernova ဖြစ်စဉ် စိတ်ကူးပုံရိပ် တစ်ခုကို ပုံနှိပ်ထားပြီး ရော်နယ်လ်ဒို၏ ကျောနံပါတ်(၇)ကို ရည်ညွှန်းကာ ကြယ်(၇)စင်း ထည့်သွင်း ဒီဇိုင်းဆင်ထားကြောင်း သိရှိရသည်။ ဖိနပ်၏ ပုံရိပ်ကို တောက်ပလင်းလက်သည့် အပြာရောင်ဖြင့် အဓိက ဖော်ကျူးထားသည်။ ရော်နယ်လ်ဒိုအတွက် ရည်ရွယ်သော ယင်းဖိနစ်ကို ဒီဇိုင်နာ ဒင်းနစ်ဒီကိုဗစ်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အခြားကမ္ဘာမှ ရောက်ရှိလာသူ တစ်ဦးအဖြစ် ညွှန်းဆို ချီးကျူးခံရလေ့ရှိသည့် ရော်နယ်လ်ဒို၏ ဂုဏ်ပုဒ်နှင့် ကိုက်ညီမည့် စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ခြင်းဟု ဒီကိုဗစ်က ဆိုသည်။ ရော်နယ်လ်ဒိုသည် ဘာစီလိုနာနှင့် ကစားမည့် စနေနေ့ည အယ်လ်ကလက်စီကို ပွဲစဉ်တွင် ယင်းဖိနပ်ကို စတင်ဝတ်ဆင်မ် ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ