အမ်းမရိတ်စ်တွင် ကစားခဲ့သည့် ပွဲစဉ်၌ ဘိုရပ်ရှား ဒေါ့တ်မန်အတွက်
အနိုင်ဂိုး မသွင်းမီ ရောဘတ် လီဝင်ဒေါစကီး အထုတ်ပယ် ခံခဲ့ရသင့်ကြောင်း
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝေဖန် ပြောကြားလိုက်သည်။
ပွဲချိန် မိနစ်(၈၀)ကျော်တွင် ပိုလန်လက်ရွေးစင် လီဝင်ဒေါစကီးက
ဒေါ့တ်မန်အတွက် ဒုတိယဂိုးကို မြေမကျ ကန်သွင်းကာ အဝေးကွင်းတွင် (၂-၁)ဖြင့်
အနိုင်ရလဒ်တစ်ခု ရယူပေးခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်း ကစားနေချိန်အတွင်း
လီဝင်ဒေါစကီးသည် အာဆင်နယ် နောက်ခံလူ လောရင့် ကိုစီရယ်လ်နီ၏ မျက်နှာကို
တံတောင်ဖြင့် တိုက်ခဲ့ပြီး ယင်းအခြေအနေတွင် ၎င်းကို ဒိုင်က အနီကတ်
ပြခဲ့သင့်ကြောင်း ပြင်သစ်သား မန်နေဂျာကြီးက မှတ်ချက်ပြုခဲ့သည်။
"လီဝင်ဒေါစကီးက အထုတ် ခံသင့်တဲ့ အခြေအနေပါ။ တကယ်ဆိုရင် ဒိုင်ဟာ
မြင်ကွင်းပိုရှင်းမယ့် အခြေအနေမှာ ရှိနေခဲ့ပါတယ်" ဟု ဝင်းဂါးက ဆိုသည်။
အာဆင်နယ် ခံစစ်သည် လီဝင်ဒေါစကီးကို ဂိုးပေါက်ခြိမ်းခြောက်ခွင့် မရအောင်
အစွမ်းကုန် ပိတ်ဆို့ ခဲ့သော်လည်း ယင်းကစားသမားက အခွင့်အရေး တစ်ကြိမ်ကို
အပိုင်အသုံးချသွားခြင်း ဖြစ်သည်။ ဝင်းဂါးက "ကျွန်တော်တို့ အရှုံးဟာ
ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ပါတယ်။ ပထမဂိုးက
လုံးဝ မပေးသင့်တဲ့ အခြေအနေပါ။ ဒီလိုပဲ ဒုတိယ ဂိုးမှာလည်း တွေဝေမှုတွေ
ဖြစ်နေခဲ့တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဂိုးသမားဟာ ကာကွယ်မှု
တော်တော်များများ လုပ်ခဲ့ရတယ်။ ဒီအချက်တွေကို ကြည့်မယ် ဆိုရင် အာဆင်နယ်ဟာ
လုံလောက်တဲ့ ရင့်ကျက်မှု မရှိသေးတာ မြင်သာပါတယ်" ဟုလည်း ဝန်ခံခဲ့သည်။
၎င်းက "တကယ်လို့ ကိုယ်က ပွဲတစ်ပွဲကို မနိုင်လောက်ဘူး ဆိုရင် ဒီပွဲကို
မရှုံးစေဖို့ ကြိုးစား ရပါမယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ
ကောင်းခဲ့ပေမယ့် ဒုတိယဂိုး ပေးလိုက် ရတဲ့နောက် အရမ်းကို ခက်ခဲ သွားတာပါပဲ"
ဟုလည်း ဖွင့်ဟသွားသည်။
Ref:Dailymail
Soccer Myanmar
လီဝင်ဒေါစကီး အနီကတ် ထိခဲ့သင့်ကြောင်း ဝင်းဂါးဝေဖန်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin