အင်တာနက် မဲများကြောင့် ထားထက်ထက် အဆင့်(၁၀) မှ အဆင့်(၂)သို့ တက်လှမ်း

Miss Grand International 2013 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသော ထားထက်ထက်သည် အဆင့် (၁၀)နေရာမှ ယခုအခါတွင် အင်တာနက်မှပေးသည့်မဲများကြောင့် အဆင့် (၂)နေရာသို့ တက်လှမ်းခဲ့နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှု ကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ နိုဝင်ဘာ ၃ ရက်မှ ၁၉ ရက် အထိ ကျင်းပမည်ဖြစ်သည်။

ထားထက်ထက်က “အခုလို အသိအမှတ်ပြုခံရတဲ့အထဲပါတာ အရမ်းပျော်ပါတယ်။ အခုလို ပရိသတ်က သတိတရနဲ့ အားပေးကြတာ ညီမအတွက်အားဖြစ်စေပါတယ်။ ညီမအခုပြိုင်ပွဲအတွက် လေ့ကျင့်မှုအပြည့် ၀င်နေပါတယ်။ Talent ပိုင်းရော knowledge ပိုင်းရောလေ့လာနေပါတယ်။ ဒီပွဲမှာ Best National Costume အတွက် အမှတ်ပေးမှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံနဲ့ ကွဲထွက်မယ့်ဝတ်စုံကို ၀တ်ဆင်ရမှာဖြစ်ပါ တယ်။ အ၀တ်အစားပိုင်းကတော့ ချုပ်နေတုန်း ပါပဲ” ဟု ပြောပြသည်။

၎င်းပြိုင်ပွဲကာလအတွင်း ထားထက်ထက်သည် မြန်မာ့ချည်ထည်၊ ပိုးထည်များဖြင့် ချုပ်လုပ်ထားသည့် မြန်မာဝတ်စုံများကို ၀တ်ဆင်မည်ဖြစ်သည်။

မြန်မာကိုယ်စားပြုအလှမယ်များသည် ၂၀၁၂ ခုနှစ်မှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ် ပြိုင်ရာတွင် အခြားဆုများအပြင် အင်တာနက်မှမဲပေးရွေးချယ်သည့်ဆုများကို ဆွတ်ခူးလေ့ရှိသည်။ ယခု Miss Grand International 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်
ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ပြီးပြိုင်ပွဲစီစဉ်သူများ၏ ဖော်ပြထားသော စာရင်းများအရ အင်တာနက်အားပေးမှုများသည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် Top 5 နေရာ၌ ရပ်တည်လျက်ရှိသည်။

ပန်းမြတ်ဇော် - Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ