နှလုံးရပ်ခြင်း သို့မဟုတ် ရုတ်တရက်နှလုံးသေဆုံးခြင်းနဲ့ ကိုယ်ခန္ဓာ ရဲ့ နေ့ညစက်ဝန်း ဆက်စပ်နေမှုကြောင့် မနက်ပိုင်းမှာ ပိုပြီးနှလုံးရောဂါ ထိခိုက်မှုဒဏ်ပိုခံစားရတယ်ဆိုတာကို အိန္ဒိယ သိပ္ပံပညာရှင်တွေ က ဖော်ထုတ်နိုင်ခဲ့ ပါတယ်။
နှလုံးရုတ်တရက် ရပ်ဆိုင်းခြင်းကို ဖြစ်စေတဲ့ ventricular fabrillation ဖြစ်စဉ်မှာဆိုရင် လူနာဟာ မေ့မျောနေလေ့ရှိပြီး နှလုံးကိုနှိုးတဲ့လုပ်ငန်းစဉ်၊ နှလုံးနှိုးစက်တွေ အဆင် သင့်မရှိဘူးဆိုရင် သေဆုံးနိုင်ပါတယ်။ အဲဒီနှလုံးထိခိုက်မှုဖြစ်စဉ် ဖြစ်ပွားဖို့ မနက် (၆)နာရီကနေ (၁၀)အတွင်း အခွင့်အရေးပိုများပြီး နေ့ လယ်ပိုင်းမှာ ဖြစ်ပွားမှုနည်းပါတယ်။ ဒီသုတေသနမှာ ကိုယ်ခန္ဓာဇီဝနာရီနဲ့ နှလုံးရပ်ခြင်းနဲ့ ဆက်စပ်နေမှုကို သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါ တယ်။
ဇီဝနာရီဆိုတာ ဦးနှောက်ကနေ အိပ်စက်ခြင်းနဲ့ နိုးထခြင်းကို ထိန်းချုပ်ခြင်းနဲ့ သက်ဆိုင်ပြီး ပြင်ပပတ်ဝန်း ကျင်နဲ့ ကိုယ်ခန္ဓာလိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ပေး ပါတယ်။ လေ့လာမှုမှာတွေ့ရှိ ခဲ့တာကတော့ မနက်ပိုင်းမှာ KLF 15 ဆိုတဲ့ ပရိုတင်းနည်းပါးနေပြီး နေ့လယ်ကနေ ညဖက်အထိကတော့ မြင့်တက်နေ တယ်ဆိုတာဖော်ထုတ်နိုင်ခဲ့ပါတယ်။ KLF 15 ပရိုတင်းဟာ နှလုံးဆဲလ်တွေ ထဲကနေ နှလုံးခုန်ဖို့ လျှပ်စီးလှုံ့ဆော်မှုပေးရာမှာ ကူညီပြီးပုံမှန်၊ မမြန်လွန်း မနှေးလွန်းတဲ့ နှလုံးစည်းချက်ကို ဖြစ်စေနိုင်ပါတယ်။ ဇီဝနာရီအရ မနက်ခင်းမှာ KLF 15 ပရိုတင်းနည်းပါး တဲ့အတွက် သာမန်အချိန်ထက် နှလုံး ထိခိုက်မှု၊ နှလုံးရုတ်တရက်သေဆုံးမှုတွေ ပိုပြီးဖြစ်ရတာပါလို့ သုတေသန ခေါင်းဆောင် Dr. Mukesh Jain က ရှင်း ပြခဲ့ပါတယ်။
ဒီသုတေသနကို Journal of Heart & Circulation မှာဖော်ပြထားပါတယ်။
သန့်စင်
ref: ANI
Health Updates Journal Vol.2, No.38
မနက်ပိုင်းမှာ နှလုံးတိုက်ခိုက်မှု ဒဏ်ခံရတာများခြင်းဟာ ဘာကြောင့်လဲ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin