ယောက်ျားက မိန်းမဖြစ်သူကို ဓါးမဖြင့် ခုတ် ၀င်ရောက်ဖြန်ဖြေသူ နှစ်ဦးပါ ဓါးခုတ်ခံရ

သန်လျင်မြို့နယ်တွင် အမျိုးသားကြီးတစ်ဦးက ယင်း၏ဇနီးဖြစ်သူကို ဓါးမဖြင့်ခုတ်ခဲ့ပြီး ၀င်ရောက်ဖြန်ဖြေ သူနှစ်ဦးပါ ဓါးခုတ်ခံရမှုဖြစ်စဉ်တစ်ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ထိုနေ့ ညနေ ၅ နာရီကျော်အချိန်က သန်လျင်ဆေးရုံသို့ ဓါးခုတ်ခံရသည့် လူနာသုံးဦးရောက်ရှိနေကြာင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ သိရှိခဲ့ရသည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဓါးဖြင့်ခုတ်ခဲ့သူမှာ မြို့သစ်အရှေ့ရပ်ကွက်ရှိ “ခေမာရဌ်” စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကိုကိုကြီး (၅၇) နှစ် - ဈေးရောင်း၊ အမှတ် (၂)၊ ပြည်တော်သာလမ်းနေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် အရက်သေစာသောက်စားမူးယစ်၍ ဇနီးဖြစ်သူ ဒေါ်သီတာအေး (၅၁)နှစ်(လိပ်စာတူ)နှင့် အပြန်အလှန် စကားများ ရန်ဖြစ်ရာမှ စားသောက်ဆိုင်အကြော်ခန်းရှိ မီးဖိုချောင်သုံးစတီးဓါးမဖြင့် ခုတ်ခဲ့ ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ဇနီးဖြစ်သူ ဒေါ်သီတာအေးတွင် ၀ဲလက်မနှင့် လက်ညိုးကြား ပြတ်ရှဒဏ်ရာ တစ်ချက်၊ ရရှိခဲ့သည်ကို ရဲကစစ်ဆေးတွေ့ရှိထားသည်။ ယင်းအပြင် ၀င်ရောက်ဖြန်ဖြေခဲ့သူ မပွန်ရီထက်ပိုင်(၁၅)နှစ်၊ (၁၀)တန်း (ပညာနန်းတော် ကိုယ်ပိုင်ကျောင်း၊ သုဝဏ္ဏ)(လိပ်စာတူ)တွင် ယာပါးပြတ်ရှ ဒဏ်ရာတစ်ချက်၊ ၀ဲလက်ခုံ ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာနို့အုံ ပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်း ယာချိုစောင်း ပြတ်ရှဒဏ် ရာတစ်ချက်တို့ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အတွင်းလူနာအဖြစ် တင် ပို့ကုသခဲ့ရသည်ဟု ဆိုသည်။

စားသောက်ဆိုင်သို့ လာရောက်စားသောက်သူဖြစ်သည့် ကိုမျိုးမင်းထွဋ်(၃၄)နှစ်၊ ဆိုင်ကယ်ကယ်ရီမောင်း၊ သန်လျင်မြို့နယ်နေသူတွင်လည်း ၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိကာ သန်လျင် ဆေးရုံတွင် ပြင်ပလူနာ တစ်ဦးအဖြစ် တင်ပို့ကုသထားရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဓါးဖြင့်ခုတ်သူ ဦးကိုကိုကြီးအပေါ် အရေးယူပေးရန် ဒု-ရဲအုပ် ဇော်လင်းက တရားလိုပြုလုပ် တိုင်တန်းထား သည်။ ယင်းတိုင်တန်းမှုကို သန်လျင်ရဲစခန်းက (ပ) ၉၀၄/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၂၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနကမှ သိရသည်။

ဇော်ဇော်ထွေး - Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ