ယူနိုက်တက် ရုန်းကန်နေရခြင်းသည် ဖာဂူဆန် ကျောခိုင်းသွားခြင်းကြောင့် မဟုတ်ဟု မိုယက်စ် မှတ်ချက်ပြု

မန်ချက်စတာ ယူနိုက်တက်မှ မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခြင်းသည် လက်ရှိ အသင်း၏ ရုန်းကန်မှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း ဝေဖန်မှုများကို ဒေးဗစ်မို ယက်စ်က ငြင်းဆိုခဲ့ သည်။

ဖာဂူဆန်ကိုယ်တိုင် မန်နေဂျာ ရာထူးအတွက် ထောက်ခံ တာဝန်ပေးခဲ့သည့် စကော့တလန်သားသည် အသင်းကို အကောင်းဆုံး ရလဒ်များ ထွက်ပေါ်လာအောင် မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေသည်။ အထူးသဖြင့် ဆောက်သမ်တန်ကို အိမ်ကွင်းတွင် သရေကျခဲ့သည့်နောက် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နောက် (၈)မှတ် ပြတ်သွားပြီး တန်းဆင်းဇုန်အထက် (၄)မှတ်မျှ အကွာတွင်သာ ရပ်တည်နိုင်သည်အထိ ယိမ်းယိုင်လာသည်။ ဆောက်သမ်တန်ကို (၁-၁)ဖြင့် သရေသာ ကစားနိုင်ခြင်းသည် ဖာဂူဆန် ရှိခြင်း မရှိခြင်းထက် ကစားသမားများနှင့်သာ အဓိက သက်ဆိုင်ကြောင်း မိုယက်စ်က မှတ်ချက်ပြုခဲ့သည်။

"တကယ့် အကြောက်တရားက ကွင်းထဲက ကစားသမားတွေဆီက ထွက်ပေါ်လာတယ်လို့ ကျွန်တော် ထင်တယ်။ ဆာအဲလက်စ်ဟာ အသင်းမှာ သမိုင်းကြောင်း ခမ်းနားလွန်းသူ တစ်ယောက်ဆိုတာ အမှန်ပါ။ သူ့မှာ ကြွယ်ဝလွန်းတဲ့ အတွေ့အကြုံတွေ ရှိနေတယ်။ ဒါပေမဲ့ ပွဲတစ်ပွဲအတွက် အဓိက အကျဆုံးက ကွင်းထဲဝင် ကစားနေတဲ့ ဘောလုံးသမားတွေသာ ဖြစ်ပါတယ်"ဟု မိုယက်စ်က ပြောကြားခဲ့သည်။ ဆောက်သမ်တန်နှင့် ပွဲစဉ်ကို ကိုယ်တိုင်လာရောက် အားပေးခဲ့သည့် ဖာဂူဆန်ကလည်း မိုယက်စ်အတွက် အချိန်လိုအပ်နေဆဲဟု ပြောဆိုခဲ့သလို ယခုရာသီ လိဂ်ဖလားမျှ ရလျှင်ပင် ကျေနပ်သင့်ကြောင်း ကောက်ချက်ချခဲ့သည်။

"မိုယက်စ်အတွက် ပွဲဦးထွက် ရာသီမှာ ဖလားတစ်လုံးလောက် ရခဲ့မယ်ဆိုရင် အံ့မခန်း အောင်မြင်မှုလို့တောင် ပြောနိုင်မှာပါ။ လိဂ်ဖလားဖြစ်ဖြစ်၊ FAဖလားဖြစ်ဖြစ်၊ ဥရောပဖလားဖြစ်ဖြစ်၊ ပရီးမီးယားလိဂ် ဖြစ်ဖြစ်ပေါ့။ ပရီးမီးယားလိဂ်မှာ ဖလားရဖို့ ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ချန်ပီယံဆုကို (၆)သင်းလောက် ဝိုင်းလုနေကြတာလေ"ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။ မိုယက်စ်က "ခုပွဲရလဒ်ကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ဟာ ပွဲအရှိန်ကို မြန်နှုန်းမြှင့်တင်ဖို့ ကြိုးစားခဲ့ပေမယ့် လက်တွေ့ မဖြစ်ခဲ့ဘူး။ ခံစစ်ကလည်း လုံလောက်တဲ့ အကာအကွယ်မျိုး မပေးနိုင်ခဲ့ဘူး။ လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန် ကြိုးစားထားပေမယ့် ပွဲကစားချိန်မှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းအနေနဲ့ တည်ကန်ဘောတွေမှာ ပိုကောင်းလာတယ်လို့တော့ ယူဆပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂိုးသွင်းနိုင်မှု အပိုင်းမှာလည်း ပိုပြီး မြှင့်တင်ဖို့ ကြိုးစားသွားရမှာပါ"ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ