အက်သလက်တီကိုမှ ကော်စတာကို မော်ရင်ဟို မျက်စိကျနေ

လက်ရှိ ချယ်လ်ဆီး တိုက်စစ်တွင် ဖာနန်ဒိုတောရက်စ် ရံဖန်ရံခါ ဂိုးသွင်းနိုင်သော်လည်း ဆမ်မြူရယ်လ်အီတူးနှင့် ဒမ်ဘာဘားတို့ ဂိုးပေါက်ရှာတွေ့ရန် ရုန်းကန်နေရသော အခြေအနေများကြောင့် နာမည်ကြီး ရှေ့တန်းလူ တစ်ဦးကို အားဖြည့်ရန် မော်ရင်ဟိုက လိုလားနေ

အက်သလက်တီကိုမှ ကော်စတာကို မော်ရင်ဟို မျက်စိကျနေ
ချယ်လ်ဆီးအသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် ဇန်နဝါရီ ဈေးကွက်တွင် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ လက်ရှိ ချယ်လ်ဆီး တိုက်စစ်တွင် ဖာနန်ဒိုတောရက်စ် ရံဖန်ရံခါ ဂိုးသွင်းနိုင်သော်လည်း ဆမ်မြူရယ်လ်အီတူးနှင့် ဒမ်ဘာဘားတို့ ဂိုးပေါက်ရှာတွေ့ရန် ရုန်းကန်နေရသော အခြေအနေများကြောင့် နာမည်ကြီး ရှေ့တန်းလူ တစ်ဦးကို အားဖြည့်ရန် မော်ရင်ဟိုက လိုလားနေသည်။ လတ်တလောတွင် ၎င်းမျက်စိ အကျဆုံးသည် အက်သလက်တီကိုတွင် တောက်ပနေသည့် ကော်စတာဖြစ်ပြီး ပေါင်စတာလင် (၃၅)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်း ခေါ်ယူနိုင်ရန် မော်ရင်ဟိုက ဆန္ဒရှိနေကြောင်း သိရှိရသည်။

ချယ်လ်ဆီးသည် ဘိုရူးစီးယား ဒေါ့တ်မန်အသင်းမှ ပိုလန် လက်ရွေးစင် ရောဘတ် လီဝင်ဒေါစကီးကိုလည်း စောင့်ကြည့်နေသည့်တိုင် ၎င်းအတွက် အားပြိုင်မည့် ကလပ်အသင်း အများအပြား ရှိနေသည့်အတွက် ကော်စတာကို ပိုမို အာရုံကျနေခြင်း ဖြစ်သည်။ ကော် စတာသည် ဘရာဇီးလ်တွင် မွေးဖွားပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းကို (၂)ကြိမ် ကိုယ်စားပြုဖူးသော်လည်း လတ်တလောတွင် စပိန်လက်ရွေး စင်အဖြစ် ခံယူရန် ကြိုးပမ်းနေသူ ဖြစ်သည်။ မော်ရင်ဟို သည် နွေ ရာသီ ဈေးကွက် ကာလ ကတည်းက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို ဆက်သွယ်ခဲ့သော်လည်း မအောင်မြင်သဖြင့် အီတူးကိုသာ အစားထိုး ခေါ်ယူဖြစ်ခဲ့သည်။ ချယ်လ်ဆီးသည် ဂိုးသွင်းရန် ကွင်းလယ်ကစားသမားများကို အဓိက မှီခိုနေရပြီး အဲဗာတန်သို့ အငှားချထားသည့် လူငယ်တိုက်စစ်သမား ရိုမီလူ လူကာကူကို ဇန်နဝါရီတွင် ပြန်လည် ခေါ်ယူရန်လည်း အခွင့်အရေး မရှိသည့်အတွက် တိုက်စစ်မှူးသစ် ဝယ်ယူရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ