ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး ကစားသမားဖြစ်ရန် နီးစပ်လာသည့် ရော်နယ်ဒို

ရီးယဲမက်ဒရစ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုသည် ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး စာရင်းတွင် ရုဒ်ဗန်နစ္စတယ်ရွိုင်းကို ကျော်ဖြတ်ရန် တစ်ဂိုးသာ လိုအပ်နေပြီး သွင်းဂိုးအများဆုံး ကစားသမားဖြစ်ရန် တစ်ဖြည်းဖြည်း နီးစပ်လာကြောင်း သိရသည်။

ယခုနှစ် ချန်ပီယံပြိုင်ပွဲတွင် နှစ်ပွဲကစားအပြီး ၅ ဂိုးသွင်းယူထားသည့် ရော်နယ်ဒိုသည် လက်ရှိတွင် ချန်ပီယံလိဂ် ပွဲစဉ်စုစုပေါင်း ၉၄ ပွဲ ကစားထားပြီး ၅၅ ဂိုးသွင်းယူထားသူ ဖြစ်သည်။

ထို့အပြင် ရော်နယ်ဒိုသည် ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး စာရင်း၏ တတိယနေရာတွင် ရပ်တည်နေသည့် ပီအက်စ်ဗွီ၊ မန်ချက်စတာယူနိုက်တက်နှင့် မက်ဒရစ် ကစားသမားဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်း၏ သွင်းဂိုးကို ကျော်ဖြတ်ရန် တစ်ဂိုးသာ လိုအပ်လျက်ရှိသည်။

နယ်သာလန် တိုက်စစ်မှူးဟောင်းသည် ချန်ပီယံလိဂ် ၇၃ ပွဲ ကစားအပြီး ၅၆ ဂိုး သွင်းယူကာ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး စာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသူဖြစ်သည်။

ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်ဆီကမူ သွင်းဂိုးအများဆုံး စာရင်းတွင် ၈၁ ပွဲ ကစားအပြီး ၆၃ ဂိုးသွင်းယူထားကာ ဒုတိယနေရာ၌ ရပ်တည်နေသည်။ မက်ဆီအနေဖြင့် ၎င်း၏ ဂိုးသွင်းစွမ်းရည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါက ၁၄၄ ပွဲကစား ၇၁ ဂိုး သွင်းယူထားပြီး သွင်းဂိုးအများဆုံး စာရင်းတွင် ဦးဆောင်နေသော ရီးယဲမက်ဒရစ် ကြယ်ပွင့်ဟောင်း ရာအူးလ်ကို ကျော်ဖြတ်နိုင်ဖွယ် ရှိသည်။

Ref: Goal
soccermyanma

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ