စာချုပ်သစ်အတွက် ပေါင်တစ်သိန်း တောင်းခံနေသည့် ဂျနုဇက်၏ အေဂျင့်

မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမားလေး အက်ဒ်နန် ဂျနုဇတ်၏ ကိုယ်စားလှယ်ဟာ ဂျနုဇတ်အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် ယူနိုက်တက်ဆီမှ ပေါင် တစ်သိန်း ပေးချေရန် တောင်းခံထားကြောင်း သိရသည်။

ဆန်းဒါးလန်းအသင်းကို အနိုင်ရခဲ့သည့် ပြီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂျနုဇတ်ဟာ မန်ယူနိုက်တက်အတွက် ၂ ဂိုး သွင်းယူပေးပြီးသည့် နောက်ပိုင်း စာချုပ်သစ် ချုပ်ဆိုရေး ကြိုးစားလာခြင်း ဖြစ်သည်။ လက်ရှိ စာချုပ်အရ ဂျနုဇတ်ဟာ ယခုနှစ် ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့် ရမည် ဖြစ်သည်။

ဂျနုဇတ်ဟာ လက်ရှိ စာချုပ်အရ တစ်ပါတ် လုပ်ခ ပေါင် ၂၅၀၀ ရရှိနေခြင်းကို ပေါင် ၁၅၀၀၀ အထိ တိုးမြှင့်ပေးဖို့ ယူနိုက်တက်ဖက်မှာ စီစဉ်လျက်ရှိပြီး ဂျနုဇတ်၏ အေဂျင့်မှ အနည်းဆုံး တစ်ပါတ် လုပ်ခ ပေါင် ၂၀၀၀၀ နှင့်အထက် တိုးမြှင့်တောင်းဆိုဖွယ် ရှိနေသည်။ အဆိုပါ တစ်ပါတ်လုပ်ခ ပေါင် ၂၀၀၀၀ နှင့် အထက် ဖြစ်လာနိုင်သည့် စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် ကိုယ်စားလှယ်မှ လက်မှတ်ထိုးကြေး သီးသန့် ပေါင် တစ်သိန်း အလိုရှိနေခြင်း ဖြစ်သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
Football Café

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ