မန်ချက်စတာတွင် အလွန်ပျော်ရွှင်နေကြောင်း ဒေးဗစ်ဆေးလ်ဗား ပြောကြား

ရီးယဲမက်ဒရစ်၏ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ချက်စတာစီးတီးနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် မန်ချက်စတာစီးတီး ကွင်းလယ်တိုက်စစ် ကစားသမား ဒေးဗစ်ဆေးလ်ဗားက မိမိသည် မန်ချက်စတာတွင် အလွန်ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့သည်။

စပိန်လက်ရွေးစင် ကစားသမားသည် ၂၀၁၀ ခုနှစ်က ဗလင်စီယာမှ မန်ချက်စတာသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် စပိန်ထိပ်သီးအသင်း၏ စိတ်ဝင်စားမှုကို အကြိမ်ကြိမ် ခံခဲ့ရသူဖြစ်သည်။

ရီးယဲမက်ဒရစ်မှ ချိတ်ဆက်နေသည့် သတင်းများ ထွက်ပေါ်နေမှုအပေါ် ဆေးလ်ဗားက “ကျွန်တော် မန်ချက်စတာမှာ အရမ်းပျော်ပါတယ်။ မန်ချက်စတာမှာ နေထိုင်ရတဲ့ နှစ်တိုင်း ဒီလိုပါပဲ။ ကောလာဟလတွေ အမြဲတမ်း ထွက်ပေါ်နေပေမယ့် ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ” ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် စပိန်အသင်းနှင့် နိုင်ငံတကာပွဲများ ကစားနေသည့် ဆေးလ်ဗားသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလက မန်ချက်စတာစီးတီးနှင့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့သည်။

၎င်းက “မန်ချက်စတာမှာ နေရတာ ပျော်တဲ့အတွက် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ