မိခင်ဖြစ်သူကို သတ်၊ အလောင်းဖျောက်သည့် ပထွေးကို အမှုဖွင့်

မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည့် ပထွေးတော်စပ်သူကို သေဆုံးသူ၏ သမီးကအမှုဖွင့် တိုင်တန်း လိုက်သဖြင့် ဒလရဲစခန်းက အောက်တိုဘာ ၅ ရက်တွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးကဆိုသည်။

အမှုကို သေဆုံးခဲ့သူ၏သမီး ဒလမြို့နယ်နေသူ မရွှေသိန်းသူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။
(သေဆုံးသူ) ဒေါ်တုံးလုံးသည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ရေလုပ်သား ၀င်းထွဋ်(ခ)ရဲအောင်နှင့် အတူ လက်ခတ်လှေတစ်စင်းဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ တစ်လအကြာထိ ပြန်လည်ရောက် ရှိမလာ သဖြင့် ဒေါ်တုံးလုံး၏သမီးဖြစ်သူက စုံးစမ်းခဲ့သည်။

ထို့ကြောင့် အောက်တိုဘာလ ၂ ရက် ညနေတွင် ပထွေးဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင်၏ ညီမဖြစ်သူ မကြည်ထွေးနှင့်ယောက်ဖဖြစ်သူ နေလင်းဆိုသူတို့၏ ပြောပြချက်အရ မိခင်ဖြစ်သူ အသတ်ခံရခြင်းကို သိရှိခဲ့ရသည်ဟု မှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော (၁၅)ရက်ခန့်က ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ်ရှိ လက် ခတ် လှေပေါ်တွင် ၀င်းထွဋ်(ခ)ရဲအောင်က အရက်သေစာသောက်စားပြီး ဒေါ်တုံးလုံးနှင့် စကားများခဲ့ကြသည်ဟု ဆိုထားသည်။

ထို့နောက် ၀င်းထွဋ်ဆိုသူက မိခင်ဖြစ်သူအား လှေဘောင်ဖြင့်ဆောင့်၍ သေဆုံးသွားသဖြင့် သန်လျင်ရေနံချက် စက်ရုံအနီး ရန်ကုန်မြစ်အတွင်း၌ လှေပေါ်မှအလောင်းကို မျှောချလိုက်ကြောင်း သိရှိခဲ့ရသည်ဟုလည်း တရားလိုက ရဲအားပြောပြထားသည်။

ထို့ကြောင့် မိခင်ဖြစ်သူအားသတ်ပြီး အလောင်းဖျောက်သည့် ပထွေးတော်စပ်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဒလရဲစခန်းက (ပ)၄၄၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် တရားစွဲ တင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးကဆိုထားသည်။

ဇော်ဇော်ထွေး 
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ