ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံရမှုဖြစ်ပွား

အင်းစိန်မြို့နယ် ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံမှုတစ်ခု အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့သည်။

၎င်းအမှုတွင် တ/၁၅ ရပ်ကွက်၊ ရွှေပြည်သာနေသူ ပျံကျဈေးသည် မသင်းသင်းထွေးသည် ခင်ပွန်းဖြစ်သူ ကိုခင်မောင်ဇင် (၃၆)နှစ်နှင့်အတူ ဒညင်းကုန်းဘူတာ အမှတ်(၄) ရထားသံလမ်းဘေး ဈေးဆိုင်တန်းတွင် ဒညင်းသီး ရောင်းချနေစဉ် သားငယ်ဖြစ်သူမှာ ခိုးယူခံရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ခိုးယူခံရသူမှာ အသက်တစ်နှစ်နှင့်တစ်လသာရှိသေးပြီး ဆိုင်ရှေ့ကစားနေစဉ် မိန်းမတစ်ဦးက ယူချီပြေးသွား ကြောင်း ဆိုင်ချင်းကပ်လျက် ကုန်ခြောက်ရောင်းသူ မမြင့်မြင့်အေးမှ ပြောပြသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ကလေးခိုးယူသွားသူကို ဒညင်းကုန်းဈေး (ဃ)ရုံ၊ ဆေးဆိုင်တစ်ခုရှေ့တွင် ကလေးငယ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကလေးငယ်အား ခိုးယူသွားသူမှာ မသန်းဌေး(၄၀)နှစ်၊ ကျပန်း၊အင်ကုန်းရွာ၊ ဥက္ကံမြို့၊ တိုက်ကြီးမြို့နယ်နေသူဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

၎င်းကို အရေးယူပေးရန် မသင်းသင်းထွေးက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို အင်းစိန် ရဲစခန်းက (ပ) ၁၀၆၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိထားသူအား စစ်ဆေးလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဇော်ဇော်ထွေး 
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ