မိန်းကလေးတစ်ဦး ညာဘက်လက်တွင် မွေးရာပါ လက်ချောင်းများ မပါရှိသော်လည်း စန္ဒရား တီးခတ်ပြနိုင်

တရုတ် နိုင်ငံမှ ကျန်းကွေကူ အမည်ရှိ မိန်းကလေး တစ်ဦးသည် ညာဘက်လက်တွင် မွေးရာပါ လက်ချောင်းများ မပါရှိသော်လည်း စန္ဒရား တီးခတ် ပြနိုင်မှုကြောင့် ပရိသတ်များကို အံ့အား သင့်စေခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ကျန်းသည် ရုပ်မြင်သံကြား အစီအစဉ် တစ်ခု၏ စန္ဒရားတီး ပြိုင်ပွဲတွင် Richard Clayderman ၏ Souvenir D'enfanc သီချင်းဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တရုတ်နိုင်ငံ တစ်ဝန်းရှိ ပရိသတ်များအား အံ့အား သင့်စေခဲ့ကြောင်း သိရသည်။

ကျန်းသည် ၂၀၀၈ ခုနှစ်တွင် စန္ဒရား တီးခြင်းကို စတင် သင်ယူခဲ့ချိန်မှ စ၍ စန္ဒရား တီးခြင်းကို စွဲလမ်းခဲ့ပြီး ခမ်းနား ကြီးကျယ်သော ပြိုင်ပွဲများတွင် ဆက်လက် ပါဝင် ယှဉ်ပြိုင်သွားမ ည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ