မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်လှူဒါန်းသွားမယ့် ခင်ဝင့်ဝါ

နာရေးကူညီမှုအသင်းတွင် အလောင်းသယ်ကာကုသိုလ်ယူခဲ့သော နန်းခင်ဇေယျာနှင့်ခင်ဝင့်ဝါ ဓာတ်ပုံ-ခင်ဝင့်ဝါဖေ့စ်ဘွတ်ခ်

Miss Myanmar Supranational ဆုရ ခင်ဝင့်ဝါက ၎င်း၏ မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

““မျက်ကြည်လွှာရယ်၊ ခန္ဓာကိုယ်ရယ်လှူဖို့ အစီအစဉ်ရှိတယ်။ မျက်ကြည်လွှာ လှူမယ့်နေရာတော့ သိပြီ။ ခန္ဓာကိုယ်လှူမယ့်နေရာက သေချာပြန်စုံစမ်းတုန်းပါ။ ညီမ အရင်ကတည်းကလှူမယ်လို့ ရည်ရွယ်ချက်ထားတာ။ ညီမ စာမေးပွဲပြီးရင် တစ်ရက်ရက်မှာ သွားလှူဖို့ ရှိပါတယ်”” ဟု ခင်ဝင့်ဝါက ပြောသည်။

အောက်တိုဘာ ၇ ရက်က နာရေးကူညီမှုအသင်း၏ ၂၀၁၃ ခုနှစ်အတွက် သင်္ဂြိုဟ်ပေးသည့် ရုပ်အလောင်းတစ်သောင်းပြည့် နေ့တွင် နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါက အခေါင်းသယ်ကာ လုပ်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Miss Supranaitonal 2013 ပြိုင်ပွဲဝင် ပရိသတ်များက မဲပေး၍ ရရှိခဲ့သော Miss Internet ဆုကြေး ဒေါ်လာ ၅၀၀ (ငါးသိန်းကျပ်) ကို အောက်တိုဘာ ၆ ရက်က နာရေးကူညီမှုအသင်းတွင် လှူဒါန်းခဲ့ပြီး ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာတွင်လည်း  ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။

““ဆုရတဲ့ငွေလည်းပါတယ်။ ညီမအနုပညာကြေးလည်းပါတယ်။အဲဒါ သွားလှူဖြစ်ခဲ့ပါတယ်။ ပထမက စာမေးပွဲပြီးမှ အေးအေးဆေးဆေးသွားလှူမယ်လို့  လုပ်ထားပေမယ့် အခုလှူချင်တော့ စာမေးပွဲနားတဲ့ တနင်္ဂနွေမှာပဲ သွားလှူဖြစ်တာ”” ဟု ခင်ဝင့်ဝါက ပြောသည်။

အောက်တိုဘာ ၁၀ ရက် စာမေးပွဲဖြေဆိုပြီးပါက လစဉ် လူမှုပရဟိတအလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ပရိသတ်များကိုလည်း ၄င်းနှင့်အတူပါဝင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပြောသည်။ ခင်ဝင့်ဝါက အောက်တိုဘာ ၁၁ ရက်တွင် လှည်းကူးမြို့၊ ငါးဆူတောင်ကျေးရွာအနီး၊ အင်ကြင်းတောင်ရှိ မြန်မာစိမ်းလန်းမြေ ပရဟိတကျောင်းသို့ သွားရောက်ကာ မိဘမဲ့ကလေးသူငယ်များအတွက် လိုအပ်မည့်အရာများ လှူဒါန်းရန်ရှိပြီး ထိုနေ့တွင် ခင်ဝင့်ဝါ နှင့်အတူ လိုက်ပါလှူဒါန်းလိုသည့် ပရိသတ်များအနေဖြင့် ၀၉-၄၃၁၂၉၄၄၀  နှင့်  ၀၉-၃၁၂၅၂၀၀၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ