ပရိသတ်ထိန်းမရအောင်အားပေးခဲ့တဲ့ ဇော်ဝင်းထွဋ်ရဲ့ ဖျော်ဖြေပွဲ

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 7Day Daily

အောက်တိုဘာ ၅ ရက် ညက အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သော ဇော်ဝင်းထွဋ်၏ ဖျော်ဖြေပွဲတွင် ပရိသတ်တစ်ထောင်ကျော် လာရောက်ကြည့်ရှုခဲ့ပြီး လုံခြုံရေးအားနည်းမှုရှိခဲ့ကြောင်း ပွဲစီစဉ်သူ  ကိုသာဗျောက  ပြောသည်။

လူငယ်အဆိုတော်များဖြစ်သည့် ရေမွန်၊ အီတိုးတို့၏ ဖျော်ဖြေမှုများကို ပရိသတ်အားပေးခဲ့သော်လည်း အီတိုးနှင့်အတူ ““ပဲ့ကိုင်ရှင်””သီချင်း စတင်သီဆိုချိန်မှစ၍ ပရိသတ်မှာ ထိန်း၍မရအောင် အားပေးခဲ့သည်။ဇော်ဝင်းထွဋ်က နောက်ဆုံးထွက်ရှိထားသော ““လူ””စီရီးခွေထဲ မှ သီချင်းများအပါအ၀င် ၎င်း၏သီချင်းများကို  ယခင်ကဲ့သို့ပင် အသံအားကောင်းကောင်းဖြင့် ဖျော်ဖြေနိုင်ခဲ့သောကြောင့် ပရိသတ်များ စိတ်ကျေနပ်မှုရရှိသလို ဇော်ဝင်းထွဋ်နှင့် ချမ်းချမ်း စုံတွဲသီဆိုသည့် ““အမုန်းမြို့ရဲ့ အဝေး မှာ””နှင့် ““တကယ်ဆိုရင်အချစ်ပဲလိုတယ်””သီချင်းသီဆိုမှုများမှာလည်း အားပေးမှုရရှိခဲ့သည်။
အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲဖြစ်သော်လည်း ပရိသတ်များ ထိန်း၍မရသောကြောင့်  စင်ရှေ့တွင် မတ်တတ်ရပ်၍ အားပေးခဲ့ရာ လာရောက်ကြည့်ရှုသည့် ပရိသတ်အချို့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ သို့သော်လည်း ပွဲစဉ်ပြီးဆုံးချိန်အထိ ပရိသတ်များ အားပေးခဲ့သည်။
ဇော်ဝင်းထွဋ်က နှုတ်ဆက်သီချင်းများကို လွန်ခဲ့သည့် ၁၅ နှစ် က အမျိုးသားကဇာတ်ရုံ၌ ကပြခွင့်မရခဲ့သော ပြဇာတ်တွင် အသုံးပြုရန် ရည်ရွယ်ထားသော သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အပိတ်သီချင်းကိုမူ ယခုခေတ်သည် စိန်ခေါ်မှုများရှိ၍ သတိနှင့်နေရသောကာလဖြစ်သောကြောင့် ရပ်ကြည့်သွားသီချင်းကို ခေမီကိုအကအဖွဲ့ နှင့်အတူ ပါဖောမန့်များဖြင့် ဖျော်ဖြေပေးခဲ့သည်။ နယ်လှည့်ဖျော်ဖြေရေး အစီအစဉ်ကိုလည်း ဇော်ဝင်းထွဋ်၏ အင်ပါယာအဖွဲ့နှင့်ပူးပေါင်းကာ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုသာဗျောက ပြောသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ