ပရိသတ်အပေါ် အမြဲတမ်း အလေးအနက်ထားတတ်တဲ့ သဉ္ဇာနွယ်ဝင်း

Model ဘ၀နဲ့ နှစ်အတော်ကြာ ဖြတ်သန်းခဲ့ပြီးမှ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ကားရိုက်တာဘက်ကို ရွှေ့ပြောင်းလာသူ သဉ္ဇာနွယ်ဝင်းက သူမရဲ့ အတွေးကို အခုလိုပဲ ပြောပြလာပါတယ်။
ဟိုတလောက ကိုနေတိုးနဲ့ “၁၈နှစ်အောက် မကြည့်ရ”ဆိုတဲ့ အပျော် ဟာသကားလေး ရိုက်ထားတယ်။

Q - ထွက်ထားတဲ့ ကားတွေနဲ့ ပတ်သက်ပြီး ပရိသတ်ဆီကရော ဘယ်လိုပြန်ကြားရလဲ။
A - “အနုံ”ကားလေးကိုတော့ အားပေးကြတယ်။ ပြီးတော့ “သူမသည် မျောက်တစ်ကောင်”ကားကကျတော့ ရုံမှာတင်တာ ခဏလေးပဲဆိုတော့ ဘာမှ မကြားရဘူး။

Q - ဆင်ဆာလွတ်လပ်ခွင့်ပေးလာတဲ့အတွက် ရိုက်လာကြတဲ့ ဇာတ်ကားတွေအပေါ်။
A - သဉ္ဇာလဲ ရှေ့မှာ ကိုနေမင်းနဲ့ တစ်ကား ရိုက်ထားတာ ရှိတယ်။ အကုန်လုံးက ဒီကားလေးကို ကောင်းစေချင်လို့ ဇာတ်လမ်းအရ ရိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အမြင်ရိုင်းသွားတဲ့အတွက် တောင်းပန်ပါတယ်။ သူများတော့ မသိပါဘူး။ သဉ္ဇာကတော့ အခု နောက်ပိုင်းမှာ ရှောင်ပြီး ရိုက်ဖြစ်မှာပါ။

Q - ပရိသတ်တွေရဲ့ ဝေဖန်မှုအပေါ်မှာရော။
A - သူတို့က သဉ္ဇာ့ကို ၀တ်တာ၊ စားတာနဲ့ ပတ်သက်ပြီး အရမ်းတိုတယ်လို့ ဝေဖန်ကြတယ်။ အဲလိုမျိုးပြောတော့ သိပ်ပြီး နားမလည်ဘူး။ သဉ္ဇာက လွတ်လွတ်လပ်လပ် နေချင်တာ တစ်ခုတည်းကြောင့် ၀တ်တာပါ။ သူများတွေလဲ ၀တ်ပါတယ်။ သဉ္ဇာကလည်း ဘာသဘောနဲ့မှ ၀တ်တာ မဟုတ်ပါဘူး။ အဲဒါလေးတော့ နားလည် ပေးစေချင်ပါတယ်။ ဘောင်းဘီတိုဝတ်ရတာ သက်သောင့်သက်သာလည်း ဖြစ်တယ်။ အဆင်လည်း ပြေတော့ ၀တ်ဖြစ်တာပါ။

Q - သဉ္ဇာရဲ့ Fashion နဲ့ပတ်သက်ပြီးတော့ ဘယ်လို စဉ်းစားဖြစ်လဲ။
A - Fashion ကိုတော့ စိတ်ဝင်စားပါတယ်။ ခေါင်းအစ ခြေအဆုံးပေါ့။ ဆံပင် Colour က အစ ပရိသတ်ရဲ့ အသံကို နားထောင်ပြီး ပြောင်းဖြစ်တယ်။ အ၀တ်အစားဆိုရင်တော့ လွတ်လွတ် လပ်လပ် ပေါ့ပေါ့ပါးပါးလေးတွေ ကြိုက်တယ်။ အရမ်းကျပ်လွန်းတာမျိုးတွေ မကြိုက်ဘူး။ ကား ရိုက်ဆိုလည်း Character နဲ့ လိုက်ဖက်တာလေးတွေ စဉ်းစားဖြစ်တယ်။

Q - ၀ယ်ဖြစ်တဲ့ Centre တွေက။
A - တော်ဝင်စင်တာ၊ Junction တို့တော့ သွားဖြစ်တယ်။ ပုံသေတော့ မရှိဘူး။ အဆင်ပြေရင် ပြေသလို တွေ့တဲ့ နေရာမှာ ၀ယ်ဖြစ်တယ်။

Q - အ၀တ်အစားနဲ့ပတ်သက်ရင် ကြိုက်နှစ်သက်တဲ့ Colour တွေက။
A - အစုံတော့ ၀တ်ဖြစ်တယ်။ ဒါပေမဲ့ Colour တောက်တောက်လေးတွေတော့ ပိုလိုက်တယ် ထင်လို့ ရွေးဝတ်ဖြစ်တယ်။

Q - သဉ္ဇာရဲ့ ပရိသတ်ကြီးကို စကားလက်ဆောင်လေး ပြောပေးပါဦး။
A - သဉ္ဇာကို အားပေးကြပါဦးလို့။ မှားတာရှိရင်လည်း ဖြည့်ပြီး ကြည့်ပေးကြပါ။ ဝေဖန် အကြံဉာဏ်ပေးပါလို့ ပြောချင်ပါတယ်။

အမ်ဘုံဆူးခက်
ဓာတ်ပုံ - ပြည်ဟန် (Colour Max)

M Plaza Shopping Journal (Vol 1, No 17 )

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ