ကြည့်မြင်တိုင်တွင် နေအိမ်ပေါ်အထိ တက်၍ လူသတ်

ကြည့်မြင်တိုင်မြို့နယ် အောက်ရုံရပ်ကွက်တွင် နေအိမ်ပေါ်ထိတက်ပြီး လူသတ်မှုတစ်ခု အောက်တိုဘာ ၁၄ ရက် နံနက် အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အသတ်ခံရသူမှာ ကြည့်မြင်တိုင် ပိတောက်ပင်လမ်းတွင်နေထိုင်သူ သမ္ဗာန်မောင်းကိုသိန်းတန်(၃၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

သေဆုံးသူသည် အောက်တိုဘာ ၁၃ ည ၉ နာရီအချိန်က အလတ်ချောင်ရပ်ကွက်မှ ကျပန်းလုပ်ကိုင်သူ သန်းလင်းထိုက်နှင့် စကားများခဲ့သည်ဟုလည်း သေဆုံးသူ၏မိခင်က ရဲအားပြောပြထားသည်။

ထို့ကြောင့် နံနက် ၃ နာရီခွဲအချိန် သားဖြစ်သူ ကိုသိန်းတန်မှာ နေအိမ်ရှေ့ခန်းတွင် အိမ်ပျော်နေစဉ် သန်းလင်းထိုက်(ခ) မြွေပွေးက နေအိမ်ပေါ်အထိတက်ပြီး ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသည်ဟုလည်း သေဆုံးသူ မိခင်က ရဲထံတွင် စွပ်စွဲတိုင်တန်းထားသည်။

အဆိုပါ ဓားထိုးမှုကြောင့် သိန်းတန်တွင် လည်ပင်းဝဲဘက်ဝဲနားအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် နံနက် ၄ နာရီ ၁၅ မိနစ်တွင် သေဆုံးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းကြောင့် သန်းလင်းထိုက်(ခ)မြွေပွေးအပေါ် အရေးယူပေးရန် အသတ်ခံရသူ၏ မိခင်ဖြစ်သူ ဒေါ်စန်း (၅၆)နှစ်က စွပ်စွဲတိုင်တန်းလိုက်ခြင်းလည်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းအမှုကို ကြည့်မြင်တိုင် စက်ဆန်းနယ်မြေရဲစခန်းက (ပ)၃၆၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံရသူအား လိုက်လံဖမ်းဆီးနေပြီး ဖမ်းဆီးမိပါက ပုဒ်မ ၃၀၂ ဖြင့် အရေးယူရန် စစ်ဆေးသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ