ပရိသတ်ကို ““ကတိ””ပေးတဲ့ မိမိုးမိုးဦး

မယ်လိုဒီဝေါမှတစ်ဆင့် အဆိုတော်ဖြစ်လာခဲ့သော မွန်တိုင်းရင်းသူ မိမိုးမိုးဦးက ပထမဆုံးတစ်ကိုယ်တော်ခွေကို ဒီဗီဒီအဖြစ် ဖြန့်ချိခဲ့ကြောင်း သတင်းရရှိသည်။

““တစ်ကိုယ်တော်ကို စီဒီမထုတ်ဖြစ်ဘူး။ ပရိသတ်တွေက မိမိုးမိုးဦးကို အရုပ်နဲ့အသံ တစ်ခါတည်းတွေ့ချင်တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် ဒီဗီဒီတစ်ခါတည်းထုတ်ဖြစ်တာပါ””ဟု မိမိုးမိုးဦးကပြောသည်။စီးရီအမည်ကို ““ကတိ”” ဟု ပေးထားပြီး ယင်းသီချင်းကို တေးရေးစောလင်းမိုက  ရေးသားထားကာ စီးရီးခွေထဲမှ သီချင်းများတွင် အကြိုက်ဆုံးဖြစ်သောကြောင့် ယင်းအမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ သီချင်းခွေတွင် မောင်အရင်းဖြစ်သူက တစ်ပုဒ်ပါဝင်သီဆိုထားပြီး တစ်ကိုယ်တော်အနေဖြင့် ၁၁ ပုဒ် သီဆိုထားကြောင်း မိမိုးမိုးဦးကပြောသည်။
ဂေါ့သစ်၊ ကမ်းထရီး၊ ပေါ့ပ်၊ ရော့ခ်သီချင်းမျိုးစုံပါဝင်ကာ တေးရေးများအဖြစ် စောလင်းမိုက သီချင်းခုနစ်ပုဒ်ရေးသားပေးထားပြီး ကေအေတီ၊ ကောင်းဇော်၊ အေသင်နှင့် မိမိုးမိုးဦးကိုယ်တိုင် တစ်ပုဒ်ရေးထားသည်ဟု ၎င်းကပြောသည်။
ယင်းသီချင်းခွေကို ၂နှစ်ခန့် အချိန်ယူ စီစဉ်ခဲ့ရပြီး အောက်တိုဘာ ၅  ရက်ကမှ   စတင်ဖြန့်ချိသောကြောင့် ပရိသတ်များထံမှ အသံများမကြားရသေးကြောင်း ၎င်းကဆိုသည်။


7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ