ဦးလေးဖြစ်သူက တူမဖြစ်သူကို အဓမ္မပြုကျင့်

ဦးလေးဖြစ်သူက တူမဖြစ်သူကို မန္တလေးမြို့သို့ ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်ယူခဲ့ပြီး သားမယားအဖြစ် ခိုးယူပေါင်းသင်း နေထိုင်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးပါရန် အောက်တိုဘာ ၁၃ ရက်က ဘုတလင်မြို့မရဲစခန်းသို့ မိန်းကလေး မိဘများက လာရောက် တိုင်တန်းလိုက်သည်။

ဘုတလင်မြို့နယ်၊ မြို့ပေါ်ကျေးရွာနေ အသက် ၁၇ နှစ်အရွယ်ရှိ မိန်းကလေးသည် ဇန်န၀ါရီလခန့်က ဇီးတောကျေးရွာသို့ သခွားမွှေးစိုက်ခင်း၌ အလုပ်လုပ်ကိုင်ရန်သွားရောက်ခဲ့သော်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသည့် အတွက် မိဘများက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား တိုင်တန်းထားခဲ့ကြသည်။

ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ စုံးစမ်းခဲ့ရာ ယခုလ ၁၁ ရက် နံနက် ၈ နာရီ အချိန်ခန့်က ၎င်း၏ မိဘများ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။ ထို့နောက် ၎င်း၏ မိဘများက
စစ်ဆေးမေးမြန်းခဲ့ရာတွင် အသက် ၃၇ နှစ်အရွယ်ရှိ ဦးလေးဖြစ်သူက ပြောစရာရှိတယ်ဟုဆိုကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့တွင်း သားမယားအဖြစ် ခိုးယူပေါင်းသင်းနေထိုင်ခဲ့ရာမှ ယခုအခါ ထွက်ပြေးလွတ်မြောက်လာခဲ့ရသည်ဟု ထုတ်ဖော်ပြာကြားသည်။

ထို့အတွက်ကြောင့် သူမ၏ မိခင်ဖြစ်သူမှ ၎င်း၏ သမီးဖြစ်သူကို ဦးလေးတော်စပ်သူက ကာမသွေးဆောင်၍ ဇနီးသား မယား အဖြစ် ခိုးယူပေါင်းသင်းနေထိုင်ခဲ့သည့်အတွက် တရားဥပဒေအရ အရေးယူပေးပါရန် ရဲစခန်း၌ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိုင်တန်းချက်အား ဘုတလင်မြို့မရဲစခန်းက (ပ) ၂၁၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၆၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ရာ ထိုအမှုအား ရဲအုပ် မင်းသန်းထိုက်ဆိုသူမှ အမှုစစ် ရဲအရာရှိတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဒေသတွင်း၌ စိုက်ပျိုးမြေယာများအား အခကြေးငွေများဖြင့် သီးစားငှားရမ်း၍ ဖရဲ၊ သခွားများ စိုက်ပျိုးလုပ်ကိုင်ရန် ပြည်ပနိုင်ငံများမှ လာရောက်သူတချို့သည် ဒေသတွင်း မြန်မာအလုပ်သမားများအား ကာမလှုံ့ ဆော်မှုဖြစ်စေနိုင်သည့် ဓာတုဗေဒဆေးဝါးများ ယူဆောင်လာ၍ လက်ဆောင်အဖြစ် ပေးကမ်းစည်းရုံးကာ အလုပ်ခိုင်းစေတတ်သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ဖူးကြောင်း သခွားမွှေးစိုက်ပျိုးရေးလုပ်သားတစ်ဦးက ဆိုသည်။

ကိုတိုးကြီး (ချင်းတွင်း)
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ