ဥက္ကံမြို့တွင် ခင်မင်သူတစ်ဦးက အမျိုးသမီးတစ်ဦးအား အဓမ္မကျင့်ဟုဆိုကာအမှုဖွင့်

တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ခင်မင်ရင်းနှီးသူ တစ်ဦး၏ အဓမ္မပြုကျင့်မှု ခံရသည်ဆိုကာ အောက်တိုဘာ ၈ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အောက်တိုဘာ ၈ ရက်ည ၉နာရီအချိန် က နေအိမ်ရှေ့ခန်းတွင် ထိုင်နေစဉ် လူတစ်ဦးက တံခါးလာခေါက်၍ ချောင်းကြည့်ရာ ခင်မင်ရင်းနှီးသူဖြစ်နေပြီး စက်ဘီးနှင့်ဓာတ်မီးငှားသဖြင့် တံခါးဖွင့်ပေးရာ အိမ်အတွင်းဝင်လာ၍ တံခါးပြန်ပိတ်ပြီး မိန်းခလုပ်ပိတ်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် လည်း ဖော်ပြထားသည်။

ထို့ကြောင့် အဓမ္မပြုကျင့်သူကို အရေးယူပေးရန် တိုင်တန်းသဖြင့် ဥက္ကံနယ်မြေ ရဲစခန်းက (ပ)၂၁၉/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ