ယန်းကို ရောင်းထုတ်ရန် အသင့်ဖြစ်နေသည့် မန်ချက်စတာ ယူနိုက်တက်

ယန်းကို ရောင်းထုတ်ရန် အသင့်ဖြစ်နေသည့် မန်ချက်စတာ ယူနိုက်တက် အင်္ဂလန် လက်ရွေးစင် ကစားသမားသည် အစ်တီဟတ်တွင် မန်ချက်စတာ စီးတီးကို (၄-၁)ဖြင့် အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်နောက်ပိုင်းတွင် ယူနိုက်တက်အတွက် လုံးဝ ကစားပေးခွင့် မရတော့ချေ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် တောင်ပံ ကစားသမား အက်ရှ်လေယန်းကို ရောင်းထုတ်သွားရန် အသင့်ရှိနေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ကစားသမားသည် အစ်တီဟတ်တွင် မန်ချက်စတာ စီးတီးကို (၄-၁)ဖြင့် အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်နောက်ပိုင်းတွင် ယူနိုက်တက်အတွက် လုံးဝ ကစားပေးခွင့် မရတော့ချေ။ အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ပုံစံကောင်း ပျောက်ဆုံးနေသည့် ကစားသမားကို လုံးဝ စိတ်ကုန်နေပြီဟု ယူဆရပြီး ဇန်နဝါရီ ဈေးကွက်ကာလတွင် ၎င်းအတွက် ကမ်းလှမ်းလာမှုများကို စောင့်မျှော်နေကြောင်း သိရှိရသည်။ ယန်းကို မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်လက်ထက် လွန်ခဲ့သော (၂)နှစ်ကျော်က အက်စ်တန်ဗီလာ အသင်းထံမှ စတာလင်ပေါင် (၁၇)သန်းဖြင့် ဝယ်ယူခဲ့သော်လည်း ယူနိုက်တက် အရှုံးခံ ရောင်းချရန် ပြင်ဆင်နေပြီဟု Goal.comက ဖော်ပြခဲ့သည်။

သို့သော်လည်း ယန်း၏ တစ်ပတ်လုပ်ခ စတာလင်ပေါင် (၁၁၀၀၀၀)ကို ပေးချေနိုင်သည့် ကလပ်အသင်း များများစားစား မရှိခြင်းကမူ ယူနိုက်တက်အတွက် ပြဿနာတစ်ရပ် ဖြစ်လာဖွယ် ရှိနေသည်။ မိုယက်စ်သည် ၎င်း၏ ရေရှည် စီမံကိန်းများအတွက် ယန်းကို အားကိုးအားထား ပြုလိုစိတ် မရှိတော့ဟု သတင်းများက ရေးသားခဲ့သည်။ ယန်းသည် ယူနိုက်တက် ကစားသမား ဘဝတွင် ဟန်ဆောင်လှဲချမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများ ကြုံခဲ့ရပြီး ဝတ်ဖို့ဒ်ကို (၂-၀)နှင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ယင်းပြဿနာမျိုး နောက်ဆုံး ဖြစ်ပေါ်ခဲ့သည်။ ယင်းကို မိုယက်စ် ကိုယ်တိုင်က ဝေဖန်ခဲ့ပြီးနောက် ကစားသမားနှင့် မန်နေဂျာကြားတွင် အေးခဲသော ဆက်ဆံရေးမျိုး ဖြစ်ပေါ်နေကြောင်း ယူဆရသည်။

ထို့အပြင် ယူနိုက်တက်တွင် ဘယ်လ်ဂျီယံဖွား လူငယ်လေး အက်ဒ်နန် ယာနူဇက်ဂ်ျ ခြေစွမ်းပြနေပြီး ဘယ်တောင်ပံ နေရာကို အပြီးတိုင် သိမ်းပိုက်မည့် အခြေအနေမျိုး ရှိနေခြင်းကလည်း ယန်းအတွက် အိုးလ်ထရက်ဖို့ဒ် အနာဂတ်ကို ပြီးဆုံးသွားစေမည့် နိမိတ်မျိုး ဖြစ်လာသည်။ မိုယက်စ်သည် ယာနူဇက်ဂ်ျကို ပြီးခဲ့သည့် သီတင်းပတ်ကုန်က (၅)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ