တပည့် တာဝန်ကျေမယ့် ဂျေမီ

၂ဝဝ၉ ခုနှစ်လောက် ကတည်းက စတင် စီစဉ်ဖြစ်နေတဲ့ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ဘိုလေးတို့ရဲ့ Chill Session အဖွဲ့ အနေ နဲ့ “ဝိသေသ” အခွေကို အောက်တိုဘာ ၁၂ ရက်နေ့ က အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချ လိုက်ပြီ ဖြစ်ပါတယ်။

Chill Session ဆိုတဲ့ နာမည်ကို ကိုယ်တိုင် ပေးထားတဲ့ ဂျေမီက “ဝိသေသ” အခွေ အကြောင်း ကို ပြောပြတာက
“အဓိကက ဘယ်သူပဲ ဆိုဆို၊ ဘယ်သူပဲ တီးတီး ကျွန်တော်တို့ က လေးယောက် ပေါင်းလိုက်ရင် Band လို့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ် လိုက်တာပေါ့။ ဘယ်သူ ပဲဆိုဆို၊ ဘယ်သူပဲ တီးတီး ဒီမြူးဇစ်သည် ကျွန်တော်တို့ လေးယောက် ပေါင်းပြီး လုပ်ထားတဲ့ မြူးဇစ် ဖြစ်ရမယ်။ ငြိမ့်ငြိမ့် ညောင်းညောင်း လေးတွေ ပဲများတယ်။ လေးယောက် စလုံး ရဲ့ အစွမ်းတွေကို ယူပြီး ၂ဝဝ၉ ကတည်းက အချိန်ယူ လုပ်ထားတာပါ။ သာမန် လူတွေနဲ့ ပိုနီးတဲ့ စာသားတွေ ပါမယ်။ ရက်ပါတွေ ခံစား ရတဲ့ ဟာထက် ကို ကျွန်တော် တို့ အမြင်ပဲ။ ဒါပေမဲ့ သာမန်လူ တစ်ယောက် အနေနဲ့ နေ့စဉ် နဲ့ အမျှ ဖြစ်နေတဲ့ Emotion ခံစားချက် ကို Hip Hop Point of View ကနေပြောထားတာပါ” လို့ ပြောပါတယ်။

ရှိုးပွဲတွေမှာ သိပ် မတွေ့ဖြစ်တော့ တဲ့ ဂျေမီ ကို ရှိုး သီဆိုဖို့ အစီအစဉ် နဲ့ နောက်တက် ရပ် ပါတွေ ပေါ်လာ တာကြောင့် လူငယ်တွေ ကို နေရာပေး လိုက်တာလား ဆိုတာ မေးကြည့်တော့
“အဲဒါက အစီအစဉ်တော့ သေချာ မဆွဲရသေးဘူး။ ဖြစ်နိုင် ရင်တော့ New Year လောက် မှ ပြန်ဆိုရင် ဆိုမှာ။ မသေ ချာဘူး။ ကျွန်တော် ကတော့ နေရာပေးစရာ လူတော့ မဟုတ်ပါဘူး။ နေရာပေးရအောင် ဒါကနိုင်ငံရေးလည်း မဟုတ်ဘူး။ တစ် ခုတော့ ရှိတယ်။ ဘာလဲ ဆိုတော့ စီးပွားရေး နဲ့ Show Business ကတော့ သူတို့ စီးပွားရေး စနစ်နဲ့ သူတို့ လည်ပတ်နေတာပဲ။ ရှိုး လုပ်တဲ့သူက ဘယ်သူ့ကို ခေါ်တယ်၊ ဘယ်သူ့ကို မခေါ်ဘူး ဆိုတာတော့ သူတို့ နဲ့ပိုပြီး သက်ဆိုင်တယ်။ ကျွန်တော် နဲ့ မဆိုင်ဘူး” လို့ ဂျေမီက ပြောပါတယ်။

စက်တင်ဘာလက မြန်မာနိုင်ငံကို ဟစ်ဟော့ပ် အဆိုတော် ဘာဘူနဲ့ လက်တွဲ လုပ်မယ့် အစီအစဉ်တွေ ကိုလည်း ဂျေမီက
“သူက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ သူဆက်တာနဲ့ ကျွန်တော် ကလည်း Stand By စောင့်နေရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ တပည့် တာဝန်ကျေ ရ မယ်။ သူ့အလှည့်တုန်း က တစ်ပြား တစ်ချပ်မှ မယူဘဲ ကျွန်တော့်ကို စင်ပေါ် တင်ပေးခဲ့တဲ့ အတွက် ကိုယ်ကလည်း သူ့အလုပ်ပြန် အဆင်ပြေဖို့ လုပ်ပေးရမယ့် တာဝန် အပြည့်အဝ ရှိတယ်လို့ ယုံကြည်တယ်။ သူနဲ့ ကျွန်တော်က Justin Timber Lake နဲ့ Justin Timberland လိုပဲ ။ စတူဒီယိုထဲ ဝင်တာ နဲ့ ဟာသတွေပြော မယ်။ ပျော် စရာတော့ ကောင်းမှာပါ။ သူကတော့ ကျွန်တော့်ကို တွေ့တိုင်း ဆူစရာ တစ်ခုခုတော့ အမြဲတမ်း ရှိမှာပါ” လို့ ဂျေမီကပြောပါတယ်။

မျိုးမောင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ