ပေါ့ဂ်ဘာကို ခေါ်ယူရန် မန်စီးတီး စိတ်ဝင်စားနေ မန်ချက်စတာ ယူနိုက်တက်တွင် စာချုပ်သစ် ချုပ်ဆိုရန် ငြင်း ဆိုပြီး အီတလီ စီးရီးအေ ချန်ပီယံ အသင်းထံ ကူးပြောင်းသွားသည့် ပြင်သစ် လက်ရွေးစင်ကို ကြိုက်ဈေးရလျှင် ရောင်းထုတ်ဖွယ်ရှိကြောင်း ဂျူဗင်းတပ်စ်က ဝန်ခံထား
မန်ချက်စတာ စီးတီးအသင်းသည် ဂျူဗင်းတပ်စ် ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဂ်ဘာကို အလေးအနက် စောင့်ကြည့်နေကြောင်း သိရှိရသည်။ မန်ချက်စတာ ယူနိုက်တက်တွင် စာချုပ်သစ် ချုပ်ဆိုရန် ငြင်းဆိုပြီး အီတလီ စီးရီးအေ ချန်ပီယံ အသင်းထံ ကူးပြောင်းသွားသည့် ပြင်သစ် လက်ရွေးစင်ကို ကြိုက်ဈေးရလျှင် ရောင်းထုတ်ဖွယ်ရှိကြောင်း ဂျူဗင်းတပ်စ်က ဝန်ခံထားသည်။ အဆိုပါ အခြေအနေတွင် မန်နေဂျာ မန်နျူရယ်လ် ပက်လီဂရီနီ ကိုင်တွယ်နေသည့် မန်စီးတီးက ပေါ့ဂ်ဘာ၏ အလားအလာကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။ မန်စီးတီးသည် ယူနိုက်တက်တွင် ပေါ့ဂ်ဘာ ကစားနေစဉ် ကတည်းက ၎င်းကို ခေါ်ယူရန် ဆက်သွယ်ခဲ့ဖူးသည်။
ပေါ့ဂ်ဘာ၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ဂျူဗင်းတပ်စ် အနေဖြင့် ကစားသမားကို သက်တမ်းတိုး စာချုပ်ရန် ကြိုးစားသင့်ကြောင်းလည်း ဝေဖန်ခဲ့သည်။ ပေါ့ဂ်ဘာသည် ဂျူဗင်းတပ်စ်တွင် တစ်နှစ်လုပ်ခ စတာလင်ပေါင် (၉၀၀၀၀၀)သာ ရရှိနေပြီး စာချုပ်သက်တမ်း (၂)နှစ်သာ ကျန်ရှိတော့သည်။ ဂျူဗင်းတပ်စ်သည် အီတလီ ဝါရင့် ကစားသမားကြီး အန်ဒရီယာ ပီယာလိုကို ရာသီကုန်တွင် အသင်းမှ ထွက်ခွာခွင့်ပေးရန် ရည်ရွယ်ထားသည့်နောက် တက်လူ ကစားသမားဖြစ်သည့် ပေါ့ဂ်ဘာကို ဆက်လက် ထိန်းသိမ်းထားရန် ပိုမို လိုအပ်လာခဲ့သည်။ အသက်(၂၀) အရွယ်ရှိ ပေါ့ဂ်ဘာကို မန်စီးတီးက စောင့်ကြည့်နေပြီး ရိုင်အိုလာနှင့် ဆက်သွယ်မှုများ ရှိနေသည်။ ရိုင်အိုလာသည် မာရီယို ဘာလော့တယ်လီ အပြောင်းအရွှေ့ ကိစ္စတွင် မန်စီးတီးနှင့် အတူတွဲ အလုပ်လုပ်ခဲ့ဖူးပြီး ရင်းနှီးသော ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ခဲ့သည်။
Planet Myanmar Network
ပေါ့ဂ်ဘာကို ခေါ်ယူရန် မန်စီးတီး စိတ်ဝင်စားနေ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin