မိုးအကုန် ဆောင်းအကူးကာလမှာ ကျန်းမာရေးကို အထောက်အကူပြုမယ့် စူပါအစားအစာ

အခုကာလဟာ မိုးရာသီလည်း မကုန်သေးတဲ့အပြင် ဆောင်းရာသီလို့လဲ ပြောလို့မရသေးတဲ့ ကာလဖြစ်ပါတယ်။ ဒီကာလမှာ ရာသီပေါ်သီးနှံတွေ လှိုင်လှိုင်ထွက်ရှိပြီး စားသုံးသင့်တဲ့ အစားအစာတွေလဲ အများအပြားပါပဲ။ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အစားအစာတွေထဲကမှ ဖရုံသီးကို Houston Methodist Hospital မှ အာဟာရ ဗေဒပညာရှင် Dr.Kari Kooi  က ရွေးချယ်တင်ပြထားပါတယ်။
ဒီရာသီမှာရွှေဖရုံသီးကို စားသုံးပေးသင့်ပါတယ်။ ရွှေဖရုံသီးမှာ ဘီတာကယ်ရိုတင်းပါဝင်မှု မြင့်မားပြီး အဲဒီဓာတ်ဟာ ဗီတာမင်အေ အဖြစ် ကို ပြောင်းလဲနိုင်ပါတယ်။ အမြင်အာရုံကို ပိုမိုအားကောင်းစေပြီး ဆောင်းတွင်းမှာ ကိုယ်ခန္ဓာကို ပူနွေးနေအောင် ဇီဝဖြစ်ပျက်မှု ဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်စေပါတယ်။အုတ်ဂျုံပေါင်မုန့်နဲ့ တွဲဖက်စားသုံးခြင်း၊ ရွှေဖရုံသီးနဲ့ လုပ်ထားတဲ့ ကွတ်ကီးတွေကို စားသုံး ခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။
ဒါ့အပြင် ရွှေဖရုံစေ့ဟာလည်း ကိုယ်ခန္ဓာအတွက် ပါဝါအိမ်ကြီးသဖွယ်ပါပဲ။ ရွှေဖရုံစေ့မှာ နှလုံးကို ကျန်းမာစေတဲ့ အဆီဓာတ်၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် မက်ဂနီဆီယမ်လိုမျိုး သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါနေတဲ့အတွက် အရိုးကျန်းမာရေးကို လည်း မြှင့်တင်ပေးနိုင်ပါတယ်။သံဓာတ်ပါဝင်မှု များတာကြောင့် လည်း အောက်စီဂျင်ကို ဆဲလ်တွေဆီကို ပိုမိုရောက်ရှိစေနိုင်ပါတယ်။ဖရုံစေ့လှော်ကို နေ့ပိုင်းမှာစားသုံးပေးရင် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။
ဒါ့အပြင် အခုကာလဟာ သလဲသီးတွေ လှိုင်လှိုင်ထွက်ရှိပြီး ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိကို လွယ်လွယ်ကူကူ ရနိုင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝပြီး ဗီတာမင်စီကြွယ်ဝတာကြောင့် ဒီရာသီမှာ တုပ်ကွေးမဖြစ်ခင် သလဲသီးစားသုံးပြီး ခုခံအားကို မြှင့်တင်ထားနိုင်ပါတယ်။

ငြိမ်းအေး
ref;ANI

Health Updates Journal No. 88

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ