ပဲခူးမြစ်ထဲမှ ၁၇ နှစ်အရွယ် မိန်းကလေးအလောင်း တွေ့ရှိ

ပဲခူးမြစ်ထဲမှ အသက် (၁၇)နှစ်ရှိ မိန်းကလေးတစ်ဦး၏ ပုပ်ပွနေသော အလောင်းအား တွေ့ရှိခဲ့ရာ မည်ကဲ့သို့ သေဆုံးခဲ့ရကြောင်းကို သိရှိရန် အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေပြီဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အလောင်းမှာ ပင်လယ်(၉)သွယ်၊ စိုက်ပျိုးရေးကုမ္ပဏီအနီးရှိ ပဲခူးမြစ်ထဲတွင် အောက်တိုဘာ ၉ ရက် ညနေက ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု သရက်ပင်ချောင်နယ်မြေရဲတပ်ဖွဲ့က ဆိုထားသည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ မသွန်းမီမီဇော်(၁၇)နှစ်အမှတ် (၆၃၀)၊ ရွှေပြည်သာလမ်း၊ ၆/အနောက် ရပ်ကွက်၊ သာကေတမြို့နယ်နေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

သူမ၏ အလောင်းမှာ ပုပ်ပွနေပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၀၁ အမှတ်ဖြင့် လက်ခံစစ်ဆေးနေသည်။ ယင်းသေဆုံးမှုကိုလည်း သာမန်သွေးရိုးသားရိုး သေဆုံးနေခဲ့ခြင်း ဟုတ်မဟုတ် ဖော်ထုတ် သိရှိနိုင်ရန် ရဲအုပ်ဇော်ထွန်းက တရားလိုပြုလုပ်တိုင်တန်းထားသည်။

ထို့ကြောင့် သရက်ပင်ချောင်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေး နေသည် ဟု သိရသည်။

ဇော်ဇော်ထွေး - Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ