ပထမနှစ်ကျမ်းစာကျောင်းသား အိပ်ပျော်နေစဉ်သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁

၁၁.၁၀.၂၀၁၃ရက်နေ့ ၀၉၃၀အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်ရှိ လူသရင်း အသင်းတော်အဆောင်၌ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၎င်းအဆောင်နေ မောင်အက်စ်စကီး ပထမနှစ်ကျမ်း စာကျောင်းသား (ဘ)ဦးဟွေယုဖြစ်ပြီး ၁၀.၁၀.၂၀၁၃ရက်နေ့ ၂၁၀၀အချိန်တွင် ညအိပ်ယာဝင်ခဲ့ပြီး နံနက်(၆)နာရီအချိန်ထိ အိပ်ယာမထသေး၍ ၎င်းနှင့် ကုတင်ချင်းကပ်လျှက်နေ သူငယ်ချင်းမှ နိုးစဉ်ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိရပြီး သေဆုံးသူမှာ ကျောက်ကပ်ရောဂါ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရ၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်အင်းစိန်မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၇၀/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ