အဆိုတော်အဖြစ် အနုပညာလောကထဲ ပြန်ဝင်လာတဲ့ စမိုင်းလ်

ဓာတ်ပုံ-စမိုင်းဖေ့စ်ဘွတ်ခ်

အနုပညာလောကနှင့် ကိုးနှစ်ခန့်ဝေးကွာခဲ့ပြီး အဆိုတော်တစ်ဦးအဖြစ် တစ်ကိုယ်တော်စီးရီး   မကြာမီထွက်ရှိမည်ဖြစ်ပြီး New Me ဟု အမည်ပေးထားကြောင်း သရုပ်ဆောင် စမိုင်းလ်ကပြောသည်။

““သီချင်းခွေနာမည်ပေးဖြစ်တာက ယောက်ျားရဲ့ အိုင်ဒီယာပေါ့။ အစ်မက ဒီလောကထဲကို ပြန်ဝင်ပေမယ့် ရုပ်ရှင်ဘက်မဟုတ်ဘဲ ကိုယ်မရင်းနှီးတဲ့ ဂီတဘက်ကိုတော့ လူသစ်စိတ်သစ်နဲ့ ပြန်ဝင်တာဖြစ်တဲ့အတွက် New Me ဆိုပြီး အမှတ်တရပေးလိုက်တာပါ”” ဟု စမိုင်းလ်က ပြောသည်။

ယင်းသီချင်းခွေတွင် ပေါ့ပ် ရော့ခ်၊ ပန့်ခ်ရော့ခ် စသည့် သီချင်းပုံစံများပါဝင်ကာ စုစုပေါင်းသီချင်း ၁၁ ပုဒ် ပါဝင်ပြီး ရွှေဂျော်ဂျော်၊ ဇ၀ါ၊ ကျားပေါက်၊ ဗီနိုထွန်း၊ ဖော်ကာနှင့် ရေမွန်တို့က ရေးသားပေးထားကြောင်း ၎င်းက ပြောသည်။

တစ်ကိုယ်တော်အနေဖြင့်သာ သီဆိုထားပြီး ကိုယ်တိုင်ရေးသည့်သီချင်းများ မပါဝင်သော်လည်း အကြီးဆုံးသမီးဖြစ်သူ မွေးဖွားချိန်က အခြေအနေများကို အခြေခံ၍ တေးရေးဆရာအား အိုင်ဒီယာပြောပြကာ ရေးစပ်စေသည့် သီချင်းပါဝင်မည်ဖြစ်ကြောင်း စမိုင်းလ်က ပြောသည်။

ယင်းတေးစီးရီးဖြစ်မြောက်လာနိုင်ရန် ၂ နှစ်ကျော် အချိန်ယူခဲ့ရပြီး စီးပွားရေးတစ်ဖက်နှင့် ခရီးများသွားနေရခြင်းကြောင့် အချိန် ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လတ်တလောတွင် ကလေးများလည်း ငယ်ရွယ်သည့်အချိန် ဖြစ်သောကြောင့် သရုပ်ဆောင်အဖြစ် ပြန်လည်လှုပ်ရှားရန် အစီအစဉ်မရှိဘဲ လက်ရှိအချိန်နှင့် ကိုက်ညီသည့် ဂီတဘက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း စမိုင်းလ်က ပြောသည်။  ဂီတကို မော်ဒယ်ဘ၀ကတည်းက နယ်ဖျော်ဖြေရေးများသွား၍ ဖျော်ဖြေခဲ့ကာ ကိုယ်ပိုင်သီချင်းမရှိဘဲ အခြားအဆိုတော်များ၏ သီချင်းများကိုသာ သီဆိုဖြစ်ပြီး နောက်ပိုင်းတွင် ဖျော်ဖြေပွဲများ လက်ခံသွားရန် အစီအစဉ်ရှိကြောင်း ၎င်းကပြောသည်။

New Me တစ်ကိုယ်တော်စီးရီးကို နိုဝင်ဘာ ၃ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး ဒီဗီဒီမှာမူ ရိုက်ကူးရေးအနေဖြင့် သီချင်းတော်တော်များများ ပြီးနေသော်လည်း  တည်းဖြတ်သည့်အပိုင်းများရှိသောကြောင့် ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ထွက်ရှိနိုင်မည်ဟု စမိုင်းလ်က ပြောသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ