အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်

အသက် ၆၀ အမျိုးသားကြီးက အဓမ္မပြုကျင့်လိုက်သည်ဟု ၂၄ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ အမျိုးသမီးငယ်၏ အမှုဖွင့်တိုင်တန်းမှုကို တောင်ဥက္ကလာရဲစခန်းက အောက်တိုဘာ ၂၁ တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အမှုကို တောင်ဥက္ကလာပမြို့နယ်နေ အတည်ချုပ်စက်ရုံအလုပ်သမက တိုင်းထားခြင်းဖြစ်သည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

သူမသည် ယင်းနေ့ မွန်းလွဲ ၃ နာရီက အထည်ချုပ်စက်ရုံရှေ့တွင်ရှိနေစဉ် တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ ယခင်က သိကျွမ်းသူ အမျိုးသားကြီးက “နင့်သူငယ်ချင်း ငါ့အိမ်ရောက်နေတယ်။ အိမ်မပြန်ရဲ လို့ လာခေါ်ပြီး ပြန်ပို့ပေးရန်နှင့် စီမံကိန်း (၂)ဈေးထိပ်ကို စက်ဘီးနဲ့လာခေါ်မယ်”ဟု ဖုန်းဆက်ချိန်းဆိုခဲ့ သည်ဟု ရဲအားတိုင်တန်းထွက်ဆိုထားသည်။

ထို့ကြောင့် သွားရောက်ခဲ့ပြီး အဆိုပါ အမျိုးသားကြီးနှင့်အတူ ၎င်း၏နေအိမ်သို့ လိုက်ပါသွားခဲ့သည်ဟု လည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် သူငယ်ချင်းဖြစ်သူမှာ နောက်ဖေးမီးဖိုခန်းတွင် ထမင်းစားနေကြောင်း ပြောသဖြင့် သွားကြည့်ခဲ့ သော်လည်းမတွေ့သဖြင့် ပြန်ထွက်လာခဲ့သည်ဟုလည်း တရားလိုက ဆိုထားသည်။

ဘုရားခန်းအနီးအရောက်တွင် အဆိုပါအမျိုးသားကြီးက “နင်လိုချင်တာ အကုန်ဝယ်ပေးမယ်၊ ငါလုပ် တာခံ” ဟု ပြောကာ ကုတင်ပေါ်သို့ တွန်းလှဲပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

အခင်းဖြစ်အချိန်တွင် သူမ၏ပါးစပ်အတွင်းသို့ အ၀တ်စထိုးထည့်ထားပြီး ရုန်းကန်မရ ဖြစ်နေစဉ်မှာပင် သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်သည်ဟုလည်း တရားလိုအမျိုးသမီးက ရဲထံတွင် ထွက်ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုကို ရဲစခန်းက (ပ) ၃၉၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးရမိရေး လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင် မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကလည်းဆိုထားသည်။

အလားတူ ယင်းနေ့တစ်နေ့တည်းမှာ ပင် ဥာဏ်ရည်မမီသူ အမျိုးသမီးကြီးတစ်ဦးကို အသက် (၄၈)နှစ် အရွယ် အမျိုးသားကြီးတစ်ဦးက နေအိမ်ထဲ ၀င်ရောက်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို သာကေတနယ်မြေရဲစခန်းက (ပ)၇၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၇၆ ဖြင့် တရား စွဲရန် တိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ