သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ၄၇ သိန်းတန်ဘိုးရှိ လက်ဝတ်ရတနာများ လုယူခဲ့သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျင်ရဲစခန်းက အောက်တိုဘာ ၂၂ ရက်က မဇ္ဈိမသို့ ပြော ကြားလိုက်သည်။
အဆိုပါ ရဲစခန်းမှ ဒု-ရဲအုပ် အောင်ဇော်မိုးက “လုယက်မှုကျူးလွန်သူကို ဒီမနက် ၅ နာရီမှာ သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်၊ ဆက်လက်ပြီး စစ်ဆေးနေပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါ ဖမ်းဆီးမိသူမှာ ယခင်ကလည်း ပြစ်ချက်ဟောင်းများရှိသည့်အပြင် ခိုးမှုဖြင့် ထောင်ကျနေရာမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးဖြစ်သည်ကို ရဲစခန်းက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ လုယက်မှုကိုလည်း တောင်ဥက္ကလာပမြို့နယ် (၁၄/၁)ရပ်ကွက်၊ မေတ္တာ(၃)လမ်း၊ အမှတ် (၃၀/၁)နေ မခင်ရီ (၄၄)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။
အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီက သူမထံသို့ လွန်ခဲ့သော တစ်နှစ်ခန့်က ရင်းနှီးခဲ့သူ ဟန်မင်း ထွန်း သန်လျင်မြို့နယ်နေသူက ရွှေထည်ပစ္စည်းများ ရောင်းရန်ရှိသဖြင့် ဖုန်းဆက်ချိန်းဆိုခဲ့သည်ဟု တိုင်း ရဲ တပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင်လည်း ဖော်ပြထားသည်။
ချိန်းဆိုမှုကြောင့် သန်လျင်သို့ သွားရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ကျိုက်ခေါက် ဘုရားမြောက် ဘက်မုခ် စောင်းတန်းအောက်တွင် ထိုင်၍ ဈေးစကားပြောရာ အရောင်းအ၀ယ်မဖြစ်ခဲ့ကြောင်းလည်း တိုင်းတန်းသူက ဆိုထားသည်။
ထို့နောက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန် နေအိမ်သို့ ပြန်ရန်ပြင်စဉ် မြောက်ဘက်မုခ်လမ်းကြားတွင် တွန်း လှဲပြီး မည်သည့်အရာဖြင့် ပြုလုပ်လိုက်သည်ကို မသိရှိဘဲ သတိမေ့သွားခဲ့သည်ဟုလည်း ရဲထံတွင် ထွက် ဆိုထားသည်။
သတိပြန်ရချိန်တွင် လည်ပင်းပွန်းပဲ့၊ နှာခေါင်းသွေး ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး သူမ၀တ်ဆင်ထားသည့် လက်ကောက် ခုနစ်ကွင်း၊ လော့ကပ်သီးပါ ဆွဲကြိုးတစ်ကုံး၊ စိန်လက်စွပ်တစ်ကွင်း၊ ငွေကျပ် ကိုးသောင်းပါ ပိုက်ဆံအိတ် တစ်ခု၊ လက်ကိုင်ဖုန်းတစ်လုံး စုစုပေါင်းတန်းဘိုး ကျပ် ၄၇၉၀,၀၀၀မှာ ပျောက်ဆုံးခဲ့ခြင်းဖြစ် သည်။
ထို့ကြောင့် ၎င်းအား သန်လျင်ရဲစခန်းက (ပ)၉၇၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၉၂ ဖြင့် အရေးယူရန် ရှာဖွေဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ စစ်ဆေးချက်များအရ လုယက်မှုဖြင့် သံသယရှိ ဖမ်းဆီးရ မိထားသူသည် ရဲဘက်ပြေးတစ်ဦးဖြစ်ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် ပုဒ်မ ၂၂၄ အမှုဖွင့် အရေးယူ သွားမည်ဟုလည်း ရဲစခန်းမှ ဒု-ရဲ အုပ် အောင်ဇော်မိုးက ပြောပြခဲ့သည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
သတိမေ့အောင်လုပ်ပြီး ၄၇ သိန်းတန်ဖိုးရှိ လက်ဝတ်ရတနာများ လုယူခဲ့သူကို ဖမ်းမိပြီ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin