မိုယက်စ်သည် အသက်အရွယ်အရ ကစားအား ကျဆင်းလာပြီဖြစ်သည့် ရီယိုဖာဒီနန်
နေရာတွင် အစားထိုးရန် ကစားအားကောင်းသည့် တက်သစ်စလူငယ် ခံစစ်သမား (၂)ဦးကို
စောင့်ကြည့်လျှက် ရှိသည်။
မန်ချက်စတာယူနိုက်တက်၏ ဖြစ်နိုင်ခြေပစ်မှတ်များ
မန်ချက်စ တာ ယူနိုက် တက် မန်နေဂျာ ဒေးဗစ်မိုယက်စ် အနေဖြင့် အသင်း၏
လိုအပ်ချက်များအတွက် ဇန်နဝါရီ ဈေးကွက်ကာလတွင် လူအင်အား ဖြည့်တင်းမှုများ
ပြုလုပ်ရန် စတင်ကြံစည်နေပြီ ဖြစ်သည်။ မိုယက်စ်သည် အသက်အရွယ်အရ ကစားအား
ကျဆင်းလာပြီဖြစ်သည့် ရီယိုဖာဒီနန် နေရာတွင် အစားထိုးရန် ကစားအားကောင်းသည့်
တက်သစ်စလူငယ် ခံစစ်သမား (၂)ဦးကို စောင့်ကြည့်လျှက် ရှိသည်။ တစ်ဦးမှာ
ပြင်သစ်ကလပ် စိန့်အက်တနီယန် အသင်းမှ ကတ်ဇူးမားဖြစ်သည်။ မာမာကျောကျော
တွန်းတွန်းတိုက်တိုက် ကစားနိုင်သည့် အသက်(၁၈)နှစ် အရွယ် လူငယ်လေးသည်
ပြင်သစ် ဘောလုံးလောက၏ အလားအလာ အကောင်းဆုံး တက်သစ်စ ခံစစ်မှူးလေး
တစ်ဦးအဖြစ် ညွှန်းဆိုခံထား ရသည်။ ၎င်းကို မန်ချက်စတာစီးတီးကလည်း ပေါင်စတာလင်
(၇)သန်းဖြင့် ကမ်းလှမ်းရန် ဆန္ဒရှိနေရာ ဇူးမားအတွက် မန်ချက်စတာ
အခြေစိုက်နှစ်သင်း အားပြိုင်ရဖွယ် ရှိနေသည်။
နောက်ထပ်
ခံစစ်ပစ်မှတ်အဖြစ် မိုယက်စ် လေ့လာနေသည်မှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းမှ
ကာလီဒူ ကူလိုင်ဘာလီဖြစ်သည်။ အသက်(၂၂)နှစ် ရှိပြီဖြစ်ပြီး ပြင်သစ်လူငယ်
လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သော ကာလီဘာလီမှာမူ အရပ်(၆)ပေ (၅)လက် မမြင့်ပြီး
ထောင့်ဖြတ်ဘောများကို အကောင်းဆုံး ရှင်းထုတ်နိုင်သည့် စွမ်းရည်ရှိသည်။
၎င်းသည် ပြင်သစ်ကလပ် မတ်ဇ်အသင်း မှ ပြောင်းရွှေ့လာပြီး ကတည်းက ဂျန့်ခ်အသင်း၏
ခံစစ်ဇုန်တွင် ပေါ် လွင်စွာ ခြေစွမ်းပြ ကစားပေးနေသူ ဖြစ်သည်။
မိုယက်စ်သည် အသင်း၏ အားနည်းချက် တစ်ခုဖြစ်သည့် ကွင်းလယ်ဖန်တီးမှု
စွမ်းဆောင်ရည် အပိုင်းကို မြှင့်တင်ရန်လည်း စီစဉ်ထားကြောင်း သတင်းများ က
ဆိုသည်။ နွေရာသီ ဈေးကွက် ကာလအတွင်း အဓိက အားဖြည့်မှု အဖြစ်
မော်ရိုဖယ်လိုင်နီ တစ်ဦးတည်းကိုသာ ခေါ်ယူနိုင်ခဲ့သည့်အတွက် စိတ်ပျက်နေသည့်
မိုယက်စ်က စပို့တင်း လစ္စဘွန်း ကွင်းလယ်လူ ဝီလျံ ကာဗယ်လ်ဟိုကို ဇန်နဝါရီတွင်
ချဉ်းကပ် ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း ပေါ်တူဂီ မီဒီယာများက
ဖော်ပြခဲ့သည်။ အသက်(၂၁)နှစ်သာ ရှိသေးပြီး နည်းစနစ်ရော၊ ပါရမီပါ ပြည့်ဝသည့်
Playmakerလေးကို ယူနိုက်တက်က ကင်းထောက်များ စေလွှတ် လေ့လာနေစေခဲ့ပြီး
ဖြစ်သည်။ သို့သော်လည်း (၂၀၁၈)ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသည့်
ကာဗယ်လ်ဟိုအတွက် စပို့တင်းက ယူရို(၄၅)သန်း ဈေးသတ်မှတ် ထားခြင်းမှာမူ
ယူနိုက်တက်အတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေသည်။
မိုယက်စ်အနေဖြင့် ဆောင်းရာသီ ဈေးကွက်တွင် အသင်းမှ လူငယ်တောင်ပံ
ကစားသမားလေး ဝီလ်ဖရိုက်ဒ် ဇာဟာကိုလည်း အငှားစေလွှတ်ဖွယ် ရှိနေကြောင်း
သိရသည်။ လက်ရှိ ပထမအသင်း လူစာရင်းတွင် ပါဝင်ရန် ခက်ခဲနေဆဲ ဖြစ်သောကြောင့်
ဇာဟာကို အတွေ့အကြုံပိုင်း ဖြည့်တင်း စုဆောင်း ရန် မိုယက်စ်က လိုလားနေသည်။
၎င်းကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အတော်များများက စိတ်ဝင်စားလျှက်
ရှိသည်။ ယူနိုက်တက်၏ အသက်(၂၀)အရွယ် လူငယ်ခံစစ်မှူး မိုက်ကယ်ကိန်းသည်လည်း
ဘော်လ်တန်နှင့် ဒါဘီကောင်တီ တစ်သင်းသင်းသို့ အငှားထွက်ခွာဖွယ် ရှိနေကြောင်း
သိရှိရသည်။
Planet Myanmar Network
မန်ချက်စတာယူနိုက်တက်၏ ဖြစ်နိုင်ခြေပစ်မှတ်များ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin