Avengers ဇာတ်ကားသစ်တွင် အဲလိဇဘက်သ်အိုလ်ဆန် ပါဝင်လာ

သိပ္ပံလူစွမ်းကောင်းများကို စုရုံးက ကမ္ဘာဖျက် ရန်သူတော်များကို တိုက်ထုတ်နေသည့် S.H.E.L.D အဖွဲ့ကြီး၏ ဒါရိုက်တာ နစ်ခ်ဖျူရီအဖြစ် သရုပ်ဆောင်သည့် ဆမ်မြူရယ်လ် အယ်လ်ဂျက်ဆန်က အဲလိဇဘက်သ် အနေဖြင့် ယခုဇာတ်ကားသစ်တွင် အဓိကကျသော ဇာတ်ဆောင်နေရာ တစ်ခုကို ရရှိမည်ဟု ပြောကြား

Avengers ဇာတ်ကားသစ်တွင် အဲလိဇဘက်သ်အိုလ်ဆန် ပါဝင်လာ
Avengers နောက်ဆက်တွဲ ဇာတ်ကားတွင် အသစ်ပါဝင်လာမည့် မင်းသမီးအဖြစ် အဲလိဇဘက်သ် အိုလ်ဆန်ကို အတည်ပြု ရွေးချယ် လိုက်ပြီ ဖြစ်သည်။ သိပ္ပံလူစွမ်းကောင်းများကို စုရုံးက ကမ္ဘာဖျက် ရန်သူတော်များကို တိုက်ထုတ်နေသည့် S.H.E.L.D အဖွဲ့ကြီး၏ ဒါရိုက်တာ နစ်ခ်ဖျူရီအဖြစ် သရုပ်ဆောင်သည့် ဆမ်မြူရယ်လ် အယ်လ်ဂျက်ဆန်က အဲလိဇဘက်သ် အနေဖြင့် ယခုဇာတ်ကားသစ်တွင် အဓိကကျသော ဇာတ်ဆောင်နေရာ တစ်ခုကို ရရှိမည်ဟု ပြောကြားခဲ့သည်။ Marvel၏ လူစွမ်းကောင်း ဇာတ်လမ်းကို နှစ်သက်သော ပရိသတ်များ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်များ ကတည်းက အဲလိဇဘက်သ်သည် Scarlet Witch ဇာတ်ရုပ်တွင် ပါဝင်လာမည်ဟု ခန့်မှန်းနေကြသည်။

ဆမ်မြူရယ်လ်က အဲလိဇဘက်သ် ပါဝင်မှုကို အတည်ပြုခဲ့သော်လည်း သူမ၏ ဇာတ်ရုပ် နေရာကိုမူ တိတိကျကျ မှတ်ချက်မပေးခဲ့ချေ။ အသက်(၆၄)နှစ်ရှိ ဆမ်မြူရယ်လ်က Avengers: Age of Ultron ဇာတ်ကားနှင့် ပတ်သက်ပြီး "ကျွန်တော်တို့ နောက်နှစ်၊ မတ်လလောက်ထိတော့ ရိုက်ကွင်းစဖြစ်ဦးမယ် မထင်ဘူး။ လန်ဒန်ကို သွားဖို့ရှိနေတယ် ဆိုတာကိုတော့ သိတယ်။ ဂျိမ်းစ်စပေဒါက ဗီလိန်ဇာတ်ရုပ် Ultron နေရာက ပါလာမယ်။ အဲလိဇဘက်သ်လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူက ဘာလုပ်ရမယ် ဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ခုထိ ဇာတ်ညွှန်းကို မမြင်ရသေးဘူး"ဟု ပြောကြားသွားသည်။

ပရိသတ် အများစုကမူ အသက်(၂၄)နှစ်ရှိ အဲလိဇဘက်သ်ကို နီမြန်းပြီး ဆွဲဆောင်မှု ပြင်းပြသည့် ဝတ်စုံဖြင့် တွေ့မြင်ရမည်ဟုသာ အခိုင်အမာ ယူဆနေကြသည်။ Scarlet Witchသည် Marvel၏ X-Men ဇာတ်လမ်း တွဲများမှ ဇာတ်ရုပ်တစ်ခုဖြစ်ပြီး Avengers ရုပ်ပြစာအုပ်များတွင်လည်း ပူးပေါင်း ပါဝင်လာသည်။ သူမ၏ ဖခင်သည် X-Men ဇာတ်ကားများမှ ဗီလိန်ကြီး Magnetoဖြစ်ပြီး Scarlet Witchတွင် Quicksilver အမည် ရှိ မွေးချင်း အမြွှာအစ်ကို တစ်ဦးလည်း ရှိသည်။ သူမသည် မြင်ကွင်းရှေ့တွင် ရှိနေသော အရာများ၏ ကာလတိုအတွင်း ဖြစ်နိုင်ခြေ အလားအလာများကို ကိုင်တွယ်လှည့်စားနိုင်သည့် အထူးပြု စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ