နှစ် ၃၀ကျော်က အမှုအတွက် တရားရင်ဆိုင်နေရသည့် အသက် ၇၀ အရွယ်ကျော် ဇနီးမောင်နှံ

မစ်ဆူရီဒေသ အသက် ၇၀ကျော် ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ လွန်ခဲ့တဲ့နှစ် ၃၀ကျော်က ဖြစ်ပွားခဲ့တဲ့ ပြစ်မှုနဲ့ ရုံးတင်ခံထားရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက Wyoming ရှိ ရွှေတွင်း ဟောင်းတစ်ခုကနေ အလောင်းတစ်လောင်းကို တူးဖော်တွေ့ရှိခဲ့ရာမှ ရဲအရာရှိတွေက ဆက်လက်စုံစမ်း စစ်ဆေးခဲ့ရင်း ဒီဖြစ်ရပ် ပေါ်ပေါက်လာရတာဖြစ်ပါတယ်။

အဲလိစ်နဲ့ ဂျရယ်လ်အူဒန်တို့ နှစ်ယောက်ဟာ သူတို့ရဲ့ ခင်ပွန်းလောင်းနဲ့ ဇနီးဟောင်းတွေကို သတ်ခဲ့တဲ့အတွက် ဒီလို စစ်ဆေးခံနေရတာဖြစ်ပြီး ဂျရယ်လ်ကတော့ ယခင်ဇနီးဟောင်းရဲ့ အသက် ၁၀နှစ်နဲ့ ၁၂နှစ် အရွယ်ကလေးနှစ်ဦးကိုပါ ၁၉၈၀နှောင်းပိုင်းက ခင်ပွန်းသည် အိပ်နေချိန်မှာ သေနတ်နဲ့ ခေါင်းကို ပစ်ပတ်ခဲ့ပြီး မိုင်းတွင်းတစ်ခုမှာ အလောင်းကို စွန့်ပစ်ခဲ့တယ်လို့ ယူဆရပါတယ်။

ဂျရယ်လ်ကတော့ ဇနီးဟောင်းနဲ့ သူမရဲ့ ကလေးနှစ်ဦးကို ရိုင်ဖယ်သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ၀န်ခံပြောကြားခဲ့ပါတယ်။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ သူတို့ နှစ်ဦးဟာ လက်ရှိမှာ ကောင်းကောင်းမွန်မွန် ဘ၀ကို ဖြတ်သန်းနေတဲ့အတွက် သူတို့နှစ်ဦးပြစ်မှု ကျူးလွန်တယ်လို့ ဘေးပတ်ဝန်းကျင်က လူတွေ ယုံကြည်ရခက်ခဲ့ပြီး အမှုကိုတော့ ဆက်လက်စစ်ဆေး လျက်ရှိပါတယ်။

MRTV-4

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ