သုံးနှစ် ခြားပြီး မွေးဖွား လာသည့် အမြွှာ

Richard Norman ဆိုသူဟာ သူရဲ့ အသက် ၂၆ နှစ် အရွယ် ဩဂုတ် လ ၂၀ဝ၇ ခုနှစ်က ဝှေးစေ့ ကင်ဆာ ရှိတယ် လို့ ဝှေးစေ့မှာ အကျိတ် တွေ့ ရှိတာကြောင့် ဆေးခန်း သွားပြ ခဲ့ရာ ဆရာဝန်ေ တွက ပဋိဇီဝ ဆေးဝါး နဲ့ ကုသ ပေးခဲ့ ပါတယ်။ ဆေးဝါး နဲ့ ကုသတာ မပျောက် တဲ့ အတွက် ဆေး ရုံ မှာ စစ်ဆေး ကြည့်ရာမှ ဝှေးစေ့ ကင်ဆာ ရှိ မှန်း သိရကာ ခွဲစိတ် ကုသမှု ခံယူ ရမယ် လို့ သိရပါ တယ်။

သူ့ အနေနဲ့ နောက်ပိုင်း မှာ ကလေး လိုချင်ရင် ယူနိုင် အောင် မခွဲစိတ် ခင်မှာ သူရဲ့ သုက်ပိုး တွေ ကို အေးခဲ ထားဖို့ လိုအပ် တယ် လို့ ဆရာဝန် တွေ က အကြံ ပေးထား တာ ကြောင့် သူရဲ့သုက် ပိုး တွေ ကို အေးခဲကာ သိမ်းဆည်း ထား ခဲ့ ပါတယ်။ သူရဲ့ ညာဘက် ဝှေးစေ့ ကို ခွဲစိတ် ကုသမှု ခံ ယူပြီး သုံးနှစ် အကြာ ၂၀ဝ၉ ခုနှစ် ဧပြီ လမှာ ရောဂါ ထပ်မံ ဖြစ်ပွား ခဲ့တာကြောင့် ကင်ဆာ ကုေ ဆး ဝါး တွေနဲ့ ဆက်လက် ကု သမှု ခံယူ ခဲ့ရပါတယ်။

ဆေး ကုသ နေစဉ် အတွင်း မစ္စတာ နော်မန် ရဲ့ အေးခဲ ထား တဲ့ သုက်ပိုး ကို အသုံးပြု ပြီး မျိုးေ အာင် စေခဲ့ ပါ တယ်။ မျိုးအောင် နေတဲ့ သန္ဓေသား တစ်ခုကို နော်မန် ရဲ့မိန်းမ သားအိမ် ထဲကို ထည့်သွင်း ပြီး ကျန်လေးခု ကို အေးခဲတဲ့ နည်းနဲ့ သိမ်း ထား တယ်လို့ သိရပါ တယ်။ နော်မန် ရဲ့မိန်းမ ဟာ ၂၀၁၀ ပြည့် နှစ်မှာ အလေးချိန် ခုနစ် ပေါင်နဲ့ ၁၂ အောင်စ ရှိတဲ့ သားကလေး ချာလီ ကို မွေးဖွား ခဲ့ပါတယ်။ ချာလီ ကို ကိုယ်ဝန် ငါးလ ရရှိ ချိန်မှာ နော်မန် ရဲ့ ကင်ဆာမှ ပျံ့နှံ့ လာတဲ့ လင့် အကျိတ် တွေ ကို ထပ်မံ ဖယ်ရှား ခဲ့ရတယ်လို့ သိရ ပါတယ်။

နော်မန် အနေနဲ့ သူ့ ကလေး ကို တွေ့ချင် တာ ကြောင့် ကုသမှု မျိုးစုံ ကို လက်ခံ ခဲ့ပါ တယ်။ သူတို့ လင်မယား နှစ်ယောက် ဟာ မနှစ်က ဖေဖော်ဝါရီ လ အတွင်း က ဒုတိ ယ ကလေး ကို ထပ်မံ ယူဖို့ ဆုံးဖြတ် ခဲ့တာ ကြောင့် အေးခဲ ထား တဲ့ သန္ဓေသား တစ်ခု ကို နော်မန့် မိန်းမ သားအိမ် အတွင်း သို့ ထပ်မံ ထည့်သွင်း ခဲ့ပါတယ်။ ဒါကြောင့် ရှစ်ပေါင် ရှစ်အောင်စ ရှိတဲ့ သမီးငယ် ဂျော်ဂျီယာ ကို မနှစ် က နိုဝင်ဘာ လ က မွေးဖွား နိုင်ခဲ့ ပါတယ်။ သုံးနှစ် ခြားနေ တဲ့ ကလေး နှစ်ယောက် ဟာ အမှန် မှာ တော့ အမြွှာပူး ကလေးတွေ ပါ။ တစ်ချိန် တည်း မှာ သန္ဓေအောင် ထား တာ ကြောင့်ပါ။

Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ