တရုတ်တွင် ပျားတူကောင်များကြောင့် လူ ၄၂ ဦး သေဆုံး

အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။

တရုတ်တွင် ပျားတူကောင်များကြောင့် လူ ၄၂ ဦး သေဆုံး
ပျားတူ (ပဒူ)ကောင်များ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံတွင် အသေအပျောက် ပမာဏ (၄၁)ဦးထိ မြင့်တက်လာကြောင်း သိရှိရသည်။ အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။ ပျားတူကောင်များ ကိုက်ခဲမှုကြောင့် အသက်ဘေးမှ လွတ်ခဲ့သည့်တိုင် ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သူ အရေအတွက်မှာလည်း (၁၆၀၀) ကျော်သွားပြီ ဖြစ်သည်။ ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် ပျားတူကောင်များ၏ ရန်ပြုမှုများ ကြုံနေရခြင်း ဖြစ်သည်။ ယခုရာသီမှာ ၎င်းတို့ မိတ်လိုက်ပေါက်ဖွားသော အချိန်မျိုးဖြစ်ပြီး သာမန်ထက် ကြမ်းကြုတ်ရန်လိုနေတတ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကြာသပတေးနေ့ထိ စာရင်းများအရ ပျားတူများ လက်ချက်ကြောင့် ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် လူ(၄၁)ဦး သေဆုံးကာ (၁၆၇၅)ဦး ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။ လူနာ(၃၇)ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ ဆိုးရွားပြင်းထန်သော အခြေအနေမျိုး ကြုံနေရသည်။ နွေရာသီနှင့် ဆောင်းဦးရာသီ အစောပိုင်းများအတွင်း ကြီးမားသော ပျားတူကောင်များသည် စာသင်ကျောင်းများထဲ ဝင်လာကာ ကလေးငယ်များကို တိုက်ခိုက်ကြသလို လယ်ကွင်းများထဲတွင်လည်း လယ်သမားများကို ရန်ပြုခဲ့ကြသည်။

စိုက်ခင်းကို စစ်ဆေးနေစဉ် ပျားတူကောင်များ တိုက်ခိုက်မှုကို ကြုံရသည့် မူကွန်ဟွီက "သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်မရဲ့ ခေါင်းညာဘက်ခြမ်း ကို ဝင်တုပ်တယ်။ ကျွန်မခြေထောက်တွေလည်း အတုပ်ခံရတယ်။ ကျွန်မ အရမ်းနာကျင်သွားပြီး လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ ခုဆိုရင် ကျွန်မခြေထောက် မှာ တုပ်ရာ အပေါက်ကြီးတွေ အများကြီး ကျန်နေတယ်"ဟု ပြောကြားခဲ့သည်။ သူမသည် (၂)လခွဲ ကြာမြင့်သည်အထိ ဆေးရုံမှ မဆင်းနိုင်သေးချေ။ အစိုးရ၏ ကျွမ်းကျင်ပညာရှင်များက ယခုပျားတူကောင်များသည် အာရှပျားတူကြီးမျိုးခေါ် ကမ္ဘာ့အကြီးဆုံး ပျားတူမျိုးနွယ်များ ဖြစ် ကြကြောင်း ပြောဆိုထားသည်။ သိပ္ပံအမည် Vespa Mandariniaဟု ခေါ်ဝေါ် သည့် ယင်းပျားတူမျိုးသည် အဆိပ်ပြင်းထန်ပြီး ခန္ဓာကိုယ် အရွယ်အစား (၃.၅)စင်တီမီတာမှ (၃.၉)စင်တီမီတာခန့်ထိ ကြီးထွားလေ့ ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ