မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဟောင်းအတွင်း ပုပ်ပွနေသည့်လူသေအလောင်းတွေ့ရှိ

မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဟောင်းအတွင်းမှ ပုပ်ပွနေသည့် လူသေအလောင်း တစ်လောင်းကို အောက်တိုဘာလ ၂ ရက် ညက တွေ့ရှိခဲ့ကြသည်။

ယင်းနေ့ ည ၁၀နာရီခွဲအချိန်က (င) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးဘေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးဟောင်း) အဆောက်အအုံ ငါးခန်းတွဲ၏ သုံးခန်းမြောက်တွင် လူတစ်ဦးသေဆုံးနေကြောင်း ကိုအာင်ထွန်း (၃၈)နှစ်(အိမ်မရှိ)က လာရောက်အကြောင်းကြားခဲ့သည်ဟု မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။

ထိုသတင်းကြောင့် သွားရောက်စစ်ဆေးကြည့်ရာတွင် အမည်မသိ၊ အသက် (၅၃)နှစ်ခန့် အမျိုးသားတစ်ဦး၏ အလောင်းကို ပုပ်ပွပြီး လောက်များထွက်ကာ ပက်လက်အနေအထားဖြင့် တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် စုံစမ်းရာတွင် အဆိုပါရုံးဟောင်းသည် ချုံနွယ်များဖြင့် ပိတ်ဖုံးနေပြီး မီးမရှိသည့် အဆောက်အအုံဖြစ်နေ သည်ကို တွေ့ရှိခဲ့သည်။ ယင်းနေ့ည ၁၀ နာရီအချိန်တွင် ကိုအောင်ထွန်းကအခန်းအတွင်းသို့ ညအိပ်ရန် ၀င်ရောက်စဉ် အပုပ်နံ့ရရှိသဖြင့် မီးခြစ်ဖြင့်ထွန်းကြည့်ရာမှ အလောင်းကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ အကြောင်းကြားခြင်းဖြစ်သည်ကို သိရှိရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် အလောင်းကိုစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာပီအာရ် ၂၀ ဖြင့် လက်ခံထားရှိသည်ဟု သိရသည်။ ယင်းသေဆုံးမှုကို သွေးရိုးသားရိုးသေဆုံးခဲ့ခြင်း ဟုတ်မဟုတ်မြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၇/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ