၂ ရက်ဆက်လူ ၂ ဦးကြိုးဆွဲချတဲ့တောင်တွင်းကြီး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် လူနှစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက်နေ့ နံနက် ၉နာရီ၃၀အချိန် အောင်းစုအုပ်စု ရွာသာကျေးရွာ၌ လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲကအခင်းဖြစ် အရပ်သို့သွားရောက်စစ်ဆေးရာ ရွာသာကျေးရွာတောင်ဘက် ကိုက် ၃၀၀ခန့်အကွာ ယာကွက်အတွင်းရှိ သရက်ပင်မှသရက်ကိုင်း နှင့် ၅ပေ ခန့်အကွာတွင်မှာ ရွာသာကျေးရွာနေ ဦးကျော်စိုးမြင့် ၅၀နှစ် ကြိုးတန်းလန်း ဖြင့် သေဆုံးနေသည်ကိုစစ်ဆေး တွေ့ရှိရကြောင်း သိရှိရသည်ဆို၏။ သေဆုံးသူတွင် ခြေလက်များ ကုတ်လျက်၊ လျှာထွက်၊ ပါးစပ် အမြှုပ်ထွက်၊ လည်ပင်းကြိုးပွန်း ဒဏ်ရာ၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ များတွေ့ရှိရကြောင်း၊ သေဆုံး သူမှာခါးအရိုးကျီးပေါင်းဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ညွှန့်ကြည်၏ ပြောပြချက်အရ သိရှိရသည်ဆို၏။ယင်း ကြိုးဆွဲချသေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် ၁၃/ ၂၀၁၃ဖြင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

အလားတူ အောက်တိုဘာ ၃ ရက်နေ့ နံနက်ကလည်း ကြက်လျှာအုပ်စုရေပြည့်ကျေးရွာနေ ဦးလှသန်း ၄၉ နှစ်မှာနေအိမ်တွင် ပုဆိုးဖြင့်ကြိုးဆွဲချသေဆုံးနေသည် ဆို၏။ ရဲကလည်းစစ်ဆေးရာ ဦးလှသန်းမှာ ၎င်း၏နေအိမ် ရှေ့ကြမ်းပြင်အောက်ရှိအခင်းဆင့် တွင် ပုဆိုးဖြင့်မြေပြင်နှင့် ၆ပေ ၂လက်မခန့်အကွာ၌ခြေထောက်နှင့် မြေကြီး ၃လက်မခန့်အကွာတွင် ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဆို၏။ သေဆုံးသူမှာလွန်ခဲ့သော ၃နှစ် ခန့်ကပင် စိတ်ဖောက်ပြန်နေသူ ဖြစ်ကြောင်း ၎င်းမိသားစု၏ ပြောပြချက်အရသိရှိရသည်ဆို၏။ဦးလှသန်းသေဆုံးခြင်းကို သေမှု သေခင်းအမှတ်စဉ် ၁၄/၂၀၁၃ ဖြင့် စုံစမ်းစစ်ဆေးလျှက်ရှိ ကြောင်း သတင်းရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)

The Hot News Weekly


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ