လှည်းကူးမြို့နယ်တွင် အသက်(၁၇)အရွယ် အမျိုးသမီးငယ်တစ်ဦး အောက်တိုဘာ၆ရက် ဆေးမှားသောက် မိ၍ သေဆုံး သွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အဆိုပါ သေဆုံးမှုကို ယင်းနေ့ ညနေ ၅နာရီ ၅၀ မိနစ်ခန့်က လှည်းကူးဆေးရုံသို့ ဆေးမှားသောက်မိသူ အမျိုးသမီး ငယ်တစ်ဦး သေဆုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှာ သိရှိခဲ့ရသည် ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
သေဆုံးသူမှာ လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့တပ်မ(၁၁)၊ ကြက်မွေးမြူရေးခြံတွင် နေသူ မ---ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
သေဆုံးသူတွင် ပြစ်ပဒဏ်ရာ မတွေ့ရှိ ရသဖြင့် ဖခင်တော်စပ်သူအား မေးမြန်းရာတွင် သေဆုံးသူသည် မိဘများနှင့် အတူနေထိုင်ပြီး လေးဖက်နာရောဂါကို နာတာရှည် ဝေဒနာအဖြစ် ခံစားနေရပြီး ဆေးကုသမှု ခံယူနေသူဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုထားသည်။
၎င်းသည် အောက်တိုဘာ၆ရက် ညနေ ၄နာရီလောက်က ဆေးမှားသောက်မိ၍ မူးဝေပြီး ရင်ပူနေကြောင်း ပြောပြ သဖြင့် ဆေးရုံသို့ တင်ပို့စဉ် ညနေ ၅နာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သေဆုံးသူ၏ ဖခင်ဖြစ်သူ က ရဲအား ပြောပြထားသည်။
အဆိုပါသေဆုံးမှုကို ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးပေးရန် ဒု-ရဲအုပ် သံချောင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ထို့ကြောင့် လှည်းကူးရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၄/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေး နေသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
လှည်းကူးတွင် အမျိုးသမီးငယ်တစ်ဦး ဆေးမှားသောက်မိ၍ သေဆုံး
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin